ကိုဗစ်-၁၉ လူနာ ၃၂ ဦး ထပ်မံသေဆုံး၊ လူနာသစ် ၉၈၇ ဦးတွေ့ရှိ
DVB
·
October 5, 2020
ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ် ၉၈၇ ယောက်တွေ့ရှိခဲ့ပြီး လူနာ ၃၂ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက် ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၄ ရက်နေ့ ည ၈ နာရီကနေ ၅ ရက်နေ့ ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၈,၂၈၅ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၉၈၇ ယောက် တွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၈,၇၈၁ ယောက် ၊ သေဆုံးသူ ၄၄၄ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၅၄၈ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။