Home
မြန်မာသတင်း
ရှမ်းမြောက် ပိတ်မိကုန်တင်ယာဉ်များရှိ ယာဉ်မောင်းနှင့်နောက်လိုက်များကို ကိုဗစ်ရှိ၊ မရှိ အမြန်စစ်ပေးမည်
DVB
·
October 3, 2020
TestKit COVID Container
TestKit COVID Container 4
TestKit COVID Container 3
TestKit COVID Container 2
ရှမ်းပြည်​နယ်၊ မြောက်ပိုင်းမှာ ပိတ်မိနေတဲ့ ကုန်တင်ယာဉ်တွေ အမြန်ဆုံး သွားလာနိုင်ဖို့ ယာဉ်မောင်းနဲ့ ယာဉ်‌နောက်လိုက်တွေကို ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ အမြန်ဆုံး ဆေးစစ်ပေးသွားမယ်လို့ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက DVB ကို ပြောပါတယ်။ Test Kit ရောက်လာပြီး စစ်တဲ့သူတွေကို Training ပေးရဦးမှာ ဖြစ်တာကြောင့် အောက်တိုဘာ ၃ ရက်‌နေ့ကစပြီး စတင်စစ်‌ဆေးသွားနိုင်မယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်​မြောက်ပိုင်းမှာလည်း ကုန်တင်ယာဉ် တော်တော်များများက ပိတ်မိနေတာ​ကြောင့် ကျန်းမာရေးနဲ့ အကစားဝန်ကြီးဌာန အမျိုးသားအဆင့် ဗဟိုကော်မတီကို တင်ပြခဲ့ရာက ရန်ကုန်မှာ စစ်ပေးနေတဲ့ Test Kit မျိုး စုစုပေါင်း  ၂၂၅၀ ရရှိခဲ့တယ်လို့ ​ဒေါက်တာမျိုးထွန်းက ပြောပါတယ်။ Test Kit နဲ့ စစ်ပြီး Negative ဖြစ်ပါက ထောက်ခံချက် ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။ မြန်မာနဲ့ တရုတ်နိုင်ငံတို့ရဲ့ အဓိက ကုန်စည် စီးဆင်းရာ ရှမ်းပြည်နယ်​မြောက်ပိုင်းမှာ ​တရုတ်အစိုးရရဲ့ ယာဉ်အစားထိုး​မောင်းစနစ်​ကြောင့် ၁၀၅ မိုင် ကုန်သွယ်​ရေးဇုန်ကနေ မန့်ဝိန်းဂိတ်ထိ​နဲ့ ကျင်ဆန်း​ကျော့ဂိတ်ထိ ကုန်တင်ယာဉ်တွေ ထောင်ချီ ပိတ်မိ​​နေတာလို့ သိရပါတယ်။  လက်ရှိ တရုတ်မုန့်စားပွဲ​တော်ကာလ အ​တောအ​တွင်း တရုတ်ဘက်က အဝင် ၈ ရက် ထပ်မံ ပိတ်ထားတယ်လို့ သိရပါတယ်။ Pra Jaw
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024