Home
မြန်မာသတင်း
ရှမ်းပြည်နယ် မြောက်ပိုင်းက သူနာပြု ၂၀ ရန်ကုန်သို့ သွားရောက်ကူညီ
DVB
·
October 2, 2020
120275639_632902877410458_463130626491951819_n
120229576_632902930743786_6069586167859425784_n
120306050_632902980743781_7332683230857419061_n
120280478_632902837410462_2495341867877568015_n
120329479_632903030743776_8538932960445482544_n
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များနေတဲ့ ရန်ကုန်တိုင်းကိုကူညီဖို့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဆေးရုံအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုအယောက် ၂၀ ဟာ အောက်တိုဘာ ၁ ရက်နေ့က ရန်ကုန်မြို့ကို သွားရောက်ခဲ့ကြတယ်လို့ ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာတင်မောင်ညွှန့်က ပြောပါတယ်။ “ဒီအချိန်မှာ နိုင်ငံအတွက် တထောင့်တနေရာကနေ လုပ်ပေးချင်တာလို့ ခုလိုသွားဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်” လို့ နမ့်ခမ်းမြို့နယ်ဆေးရုံက သူနာပြုတဦးက ပြောခဲ့ပါတယ်။  ပြည်နယ်ကျန်းမားရေးဆေးရုံမှာ အောက်တိုဘာ ၁ ရက်နေ့ ညနေ ၄ နာရီက အားပေးဂုဏ်ပြုနှုတ်ဆက်ကြသလို ညနေ ၆ နာရီ မြို့အထွက်မှာလည်း ပြည်သူတွေက အားပေးနှုတ်ဆက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ဒီကနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၄,၃၈၃  ယောက်၊ သေဆုံးသူ  ၃၂၁ ယောက်နဲ့ ဆေးရုံကဆင်းခွင့်ပြုခဲ့သူပေါင်း ၄,၁၅၆   ယောက် ရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ သတင်း - နန်းစပယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024