Home
မြန်မာသတင်း
တောင်ကိုရီးယားရောက်မြန်မာနိုင်ငံသားများ ကြိုတင်မဲပေး
DVB
·
October 2, 2020
120419541_2661395970780550_1258093325774570322_o
120353584_2661395837447230_2890501888604485105_o
120344234_2661395914113889_821395517079926843_o
120314661_2661395890780558_7890321540962830415_o
120280478_2661395924113888_3017665927669959528_o
၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် တောင်ကိုရီးယားရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီနေ့ အောက်တိုဘာ ၂ ရက်နေ့ကစတင်ပြီး  မြန်မာသံရုံးမှာ ကြိုတင်မဲပေးနိုင်ပြီ ဖြစ်ပါတယ်။ ကြိုတင်မဲပေးနိုင်ဖို့အတွက် ဆိုးလ်မြို့  မြန်မာသံရုံးမှာ အောက်တိုဘာ ၂ ရက် ၊ ၃ ရက်၊ ၄ ရက်၊ ၅ ရက်၊ ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ နေ့စဉ်  မနက် ၉နာရီခွဲ မှ  ညနေ ၅ နာရီခွဲအထိ မဲရုံတွေဖွင့်လှစ်ပေးမယ်လို့ သံရုံးက ထုတ်ပြန်ထားပါတယ်။   တောင်ကိုရီးယားနိုင်ငံ ဂင်မဲမြို့မှာရှိတဲ့ မဲဆန္ဒရှင်တွေကတော့ ၅ နာရီနီးပါး ကားစီးပြီး ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးကို ကြိုတင်မဲ ပေးဖို့သွားရောက်ခဲ့ကြပါတယ်။ ကိုရီးယားနိုင်ငံမှာ ကြိုတင်မဲပေးဖို့ ပုံစံ ၁၅ လျှောက်ထားတဲ့ မြန်မာနိုင်ငံသား ပေါင်း ၁၀၁၆၉ ယောက်ရှိတဲ့အထဲက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စိစစ်ပြီး ပြန်ပို့တဲ့ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၉၈၁၀ ယောက်ရှိတယ်လို့ သံရုံးထုတ်ပြန်ချက်အရ သိရပါတယ်။ စင်ကာပူနိုင်ငံရောက်မြန်မာတွေကတော့ အောက်တိုဘာ ၁ ရက်မနက်ကစပြီး  မြန်မာသံရုံးမှာ  ကြိုတင်ဆန္ဒမဲပေးနေကြပါတယ်။ သတင်း - ထက်ဝေအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024