ကိုဗစ်-၁၉ လူနာသစ် ၁,၀၁၀ ဦး၊ သေဆုံးသူ ၁၁ ဦး ထပ်တိုးလာ
DVB
·
October 1, 2020
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၀၁၀ ယောက်နဲ့ သေဆုံးသူ ၁၁ ယောက်ထပ်တိုးလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အောက်တိုဘာ ၁ ရက် ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၃၀ ရက် ည ၈ နာရီမှ ဒီနေ့ အောက်တိုဘာ ၁ ရက် ည ၈ နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၅,၃၅၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၀၁၀ ဦး တွေ့ရှိရတာဖြစ်ပါတယ်။ လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ ဒီကနေ့ည ၈ နာရီ အထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၄,၃၈၃ ယောက်၊ သေဆုံးသူ ၃၂၁ ယောက်နဲ့ ဆေးရုံကဆင်းခွင့်ပြုခဲ့သူပေါင်း ၄,၁၅၆ ယောက် ရှိတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။