အင်းစိန် ဓမ္မဝါဒီစာသင်တိုက်က သီလရှင်အပါး ၃၀ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ
DVB
·
October 1, 2020
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ဓမ္မဝါဒီစာသင်တိုက်က သီလရှင်ဆရာလေး ၆၈ ပါးကို ဆေးစစ်ခဲ့ရာမှာ သီလရှင်အပါး ၃၀ မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တယ်လို့ စာသင်တိုက်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ စက်တင်ဘာ ၃၀ ရက်က ကြေညာထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်ကလည်း ပဓာနနာယကဆရာကြီးနဲ့ ဆရာလေး ၁၀ ပါးကို ရောဂါပိုးစစ်ဆေးခဲ့ရာ သီလရှင်ဆရာလေး ၆ ပါးမှာ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ အဆိုပါ ဆရာလေး ၆ ပါးနဲ့ထိတွေ့သူတွေကို ထပ်မံ စစ်ဆေးခဲ့ရာ သီလရှင် အပါး ၃၀ မှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။
အရင်တွေ့ရှိခဲ့တဲ့ ဆရာလေး ၆ ပါးကိုတော့ အစိုးရကျန်းမာရေးနဲ့ တပ်မတော်ကျန်းမာရေး တို့က ပူးပေါင်းပြီး မှော်ဘီ တပ်မတော်ကျန်းမာရေးကုသစင်တာမှာ ကုသပေးနေပါတယ်။
သတင်း - အိသဇင်ခိုင်