ကိုဗစ်-၁၉ လူနာသစ် ၉၄၆ ဦး၊ သေဆုံးသူ ၂၆ ဦး ထပ်တိုးလာ
DVB
·
September 30, 2020
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၉၄၆ ယောက်နဲ့ သေဆုံးသူ ၂၆ ယောက်ထပ်တိုးလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၉ ရက် ည ၈ နာရီမှ ဒီနေ့ စက်တင်ဘာ ၃၀ ရက် ည ၈ နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၆,၂၆၂ ခုကို စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၉၄၆ ယောက် တွေ့ရှိရတာဖြစ်။ လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ ဒီကနေ့ည အထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၃,၃၇၃ ယောက်၊ သေဆုံးသူ ၃၁၀ ယောက်နဲ့ ဆေးရုံကဆင်းခွင့်ပြုခဲ့သူပေါင်း ၃,၇၅၅ ယောက် ရှိတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။