ကိုဗစ်-၁၉ လူနာသစ် ၈၉၇ ဦး၊ သေဆုံးသူ အယောက် ၃၀ ထပ်တိုးလာ
DVB
·
September 28, 2020
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၈၉၇ ယောက်၊ သေဆုံးသူ အယောက် ၃၀ ထပ်တိုးလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ အယောက် ၃၀ ထဲမှာ ဆေးရုံကို သေဆုံးရောက်ရှိသူ ၁၅ ယောက်ရှိတယ်လို့ လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
စက်တင်ဘာ ၂၇ ရက် ၈ နာရီကနေ ဒီကနေ့ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၅,၅၉၇ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ဓာတ်ခွဲအတည်ပြု လူနာသစ် ၈၉၇ ယောက် တွေ့ရှိရတာပါ။
စက်တင်ဘာ ၂၈ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာပေါင်း ၁၁,၆၃၁ ယောက်၊ သေဆုံးသူ ၂၅၆ ယောက်နဲ့ ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့သူ ၃,၀၇၃ ယောက် ရှိပါတယ်။