ကျိုက်လတ်တွင် NLD ပါတီက ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေး (ဓာတ်ပုံ)
DVB
·
September 27, 2020
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြည်သူလူထုကို ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေးခဲ့တယ်လို့ သိရပါတယ်။
ကျိုက်လတ် မြို့နယ် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဒေါ်မေသန်းနွဲ့က "မဲဆွယ်စည်းရုံးတာမျိုးမဟုတ်ဘူး၊ ကျန်းမာရေး အသိပညာပေးတဲ့သဘောမျိုးလေးပဲဖြစ်တယ်။ ပါတီဝန်းရံတဲ့သူတွေက အင်္ကျီလေးတွေဝတ်ပြီး mask တွေဝေပေးတယ်။ ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်စည်းကမ်းချက်တွေနဲ့အညီ ပြည်သူလူထုကို လိုက်နာရမည့် စည်းကမ်းချက်များကို သရုပ်ပြပေးတာဖြစ်တယ်။"
ကျိုက်လတ် မြို့နယ်မှာ ကျေးရွာခွဲပေါင်း ၄၂၁ခု ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျေးရွာတွေကို လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးတာကို စက်တင်ဘာ ၂၀ ရက်နေ့စပြီး ခေတ္တာ ယာယီရပ်ဆိုင်းထားတယ်လို့ ကျိုက်လတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သိရပါတယ်။
ထူးထူး (ဗိုလ်ကလေး )