တပ်မတော်သားများအပါအဝင် မိသားစုဝင် ၂၁၃ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရ
DVB
·
September 26, 2020
တပ်မတော်သားတွေ၊ မိသားစုဝင်တွေ၊ စစ်မှုထမ်းအငြိမ်းစားများအပါအဝင် ၂၁၃ ယောက် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အဲဒီ ကူးစက်ခံထားရတဲ့သူတွေထဲက ၂၇ ယောက်က ဆေးရုံက ဆင်းသွားပြီး ၅ ယောက် သေဆုံးပြီးဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့သူတွေထဲမှာ ဒုတိယဗိုလ်မှူးကြီး အငြိမ်းစားတစ်ယောက် ပါဝင်သလို ကျန် ၄ ယောက်မှာ စစ်မှုထမ်းဆဲ တပ်မတော်သားတွေဖြစ်ပြီး ကင်ဆာရောဂါအခံ၊ နှလုံးရောဂါအခံရှိတဲ့သူတွေ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
စက်တင်ဘာ ၂၅ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၉,၁၁၁ ဦး၊ သေဆုံးသူ ၁၇၄ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၂,၅၁၇ ဦး၊ စောင့်ကြည့်လူနာအသစ် ၄၄၅ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Photo : တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ Facebook