ရန်ကင်းက တစ်လသား ကိုဗစ်လူနာ ဆေးရုံဆင်း
DVB
·
September 26, 2020
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းကလေးဆေးရုံမှာ ကိုဗစ်-၁၉ ပိုးတွေ့လို့ ဆေးကုသမှုခံယူနေတဲ့ ၁ လသားအရွယ် ကလေးငယ်ဟာ ရောဂါပိုးမရှိတော့လို့ စက်တင်ဘာ ၂၅ ရက်နေ့က ဆေးရုံက ဆင်းသွားပြီလို့ ရန်ကင်းမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာသီသီလတ်က ပြောပါတယ်။
ကလေးငယ်ဟာ negative ပြလို့ ဆေးရုံက ဆင်းခွင့်ရရှိတာဖြစ်ပြီး မိခင်ဖြစ်သူရဲ့ ပြောကြားချက်အရ လက်ရှိကျန်းမာရေး ကောင်းမွန်နေတယ်လို့ ဒေါက်တာသီသီလတ်က ဆိုပါတယ်။
ကလေးငယ်ဟာ ဖခင်ဖြစ်သူကနေ ရောဂါပိုးကူးစက်ခံရတာဖြစ်ပြီး ကလေးငယ် မိသားစုဟာ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်မှာ နေထိုင်သူတွေဖြစ်ပါတယ်။
သတင်း - လွင်မိုးအောင်