ကိုဗစ်ကာလ စားဝတ်နေရေးအခက်ကြုံနေသည့် အမှိုက်ပုံဘေးက ကျူးကျော်ပြည်သူများ
DVB
·
September 24, 2020
ရန်ကုန်တိုင်းရှိ ဧရာမအမှိုက်ပုံတစ်ခုဖြစ်တဲ့ ထားဝယ်ချောင်အမှိုက်ပုံကြီး ဘေးမှာ နေထိုင်နေကြတဲ့ ကျူးကျော် ပြည်သူလူထုတွေဟာ လက်ရှိ ကိုဗစ်-၁၉ ဒုတိယလှိုင်းနဲ့ ကြုံတွေ့နေရတဲ့ကာလမှာ လှူဒါန်းသူတွေအပေါ် မှီခိုပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေရပါတယ်။
"သူတို့က အမှိုက်ပုံမှာ ကော်ရှာတယ်။ သံတိုသံစရှာပြီး ဆိုင်မှာသွားရောင်းပြီးတော့ စားဝတ်နေရေးကို ပုံမှန်ကာလမှာရပ်တည်ရတာပေါ့။ ခုတော့အမှိုက်ပုံလည်းတက်ခွင့်မရှိတော့ဘူး။ တက်ခွင့်ရှိရင်လည်း ရောင်းမယ့်နေရာ မရှိဘူးလေ။ အဲ့တော့ဒီကာလမှာ လာလှူတာလေးတွေနဲ့ စားသောက်နေရတာပေါ့ " လို့ ဒေသခံ ဦးသန်းထွေးက ပြောပါတယ်။
ထားဝယ်ချောင်အမှိုက်ပုံကြီးကို မှီခိုနေထိုင်စားသောက်နေတဲ့ အိမ်ထောင်စုပေါင်း ၆၅ စု ရှိပြီး သူတို့အတွက် စားနပ်ရိက္ခာကူညီပေးဖို့ လက်ရှိ အလှူရှင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေရပြီး ကိုဗစ်ကာလဖြစ်နေတဲ့အတွက် အလှူရှင်တွေကလည်း လာရောက်ဖို့ အခက်အခဲရှိနေပါတယ်။
Photo - Ye Myo Khant / MPA