Home
မြန်မာသတင်း
ရေးမြို့နယ်တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်
DVB
·
September 23, 2020
119855573_446788809615458_2548751094209725768_n
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အခြေခံ စားသုံးကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ကြက်သွန်ဈေးတွေ အခုရက်ပိုင်းအတွင်း ဈေးတွေ မြင့်တက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆန် တစ်အိတ်ကို ကျပ် ၂၀၀၀ လောက် တက်သွားပြီး ကြက်သွန်နီ တစ်အိတ်ကို ကျပ် ၃၀၀၀ ကျပ် တက်သွားတဲ့အပြင် စားသုံးဆီနဲ့ တခြား စားသုံးကုန်တွေလည်း ဈေးတွေ အရင်ကထက် သွားခဲ့တယ်လို့ အိမ်ရှင်မတွေက ပြောပါတယ်။ ပြည်တွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ များပြားလာတာနဲ့အမျှ  အခုကားလမ်းမြို့အဝင်တွေမှာ ကားအဝင်အထွက်တွေကို အရှိန်တိုးမြှင့်  စစ်ဆေးနေတာနဲ့ အသွားအလာ ကန့်သတ်တာတွေ လုပ်နေတာကြောင့် ကုန်စည်စီးဆင်းမှုတွေလည်း ထိခိုက်နေပါတယ်။  ဒါ့အပြင် ကုန်သည်ပွဲရုံတွေလည်း ပိတ်ထားတာကြောင့် အခြေခံစားသုံးကုန်ဈေးတွေမှာ လက်လီးလက်ကား ပြန်ရောင်းတဲ့ ဈေးဆိုင်တွေက ဈေးနှုန်းတွေတင်ပြီး ရောင်းရတယ်လို့ ဈေးသည်တွေက ပြောပါတယ်။ အခုလို အခြေခံစားသုံးကုန်ဈေးနှုန်းတွေ မြင့်တက်လာတာနဲ့အမျှ ဝေလံခေါင်ဖျားတဲ့ နယ်ကျေးရွာ ဘက်ဆိုရင် ၀င်ငွေနည်းကြတဲ့ အခြေခံလူတန်းစားအများစု စားဝတ်နေရေးအတွက် ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာနေကြတယ်လို့ ရေးချောင်းဖျားဒေသခံတွေက ပြောပါတယ်။ ရေးမြို့နယ်မှာ အခု ကိုဗစ်ကပ်ဘေးကာလမှာ ဒေသထွက်ကုန် ရောင်းချသူတွေ ဝင်ငွေနည်းလာသလို အခြေခံလူတန်းစားအများစုလည်း အလုပ်လက်မဲ့တွေ များပြား လာနေပါတယ်။ သတင်း - နေမျိုးထွဋ် (ရေး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024