Home
မြန်မာသတင်း
မြစ်ကြီးနားမြို့နယ်၌ မဲဆန္ဒရှင် ၂ သိန်းကျော်အတွက် မဲရုံပေါင်း ၁၄၀ လျာထား
DVB
·
September 21, 2020
Untitled-1
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှာ  ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင် ဦးရေ ၂၃၀,၀၀၀ ဝန်းကျင်ရှိပြီး  ရပ်ကွက်ကျေးရွာ ၆၀ မှာ မဲရုံပေါင်း ၁၄၀ ဖွင့်လှစ်ဖို့ လျာထားတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိက ပြောပါတယ်။   လက်ရှိမှာတော့ မဲပေးခွင့်ရရှိမယ့် မဲဆန္ဒရှင်ပြည်သူတွေအတွက် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေမှာ မဲစာရင်းတွေကပ်ထားကြေညာထားပြီး ဖြစ်ကာ စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ  ဒုတိယအကြိမ် မဲစာရင်းတွေ ပြန်လည် ကြည့်ရှု၊ ပြင်ဆင်နိုင်တယ်လို့လည်းသိရပါတယ်။  မြစ်ကြီးနားမြို့နယ်မှာ  ပထမအကြိမ် မဲစာရင်းတွေကို ဇူလို ၂၅ ရက်မှ သြဂုတ်လ ၁၄ ရက်အထိ သီတင်း ၃ ပတ်ကြာ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ပြန်လည်ပြင်ဆင် ဖြည့်စွက်ကာ အခုကြိမ်ကတော့ ဒုတိယအကြိမ် ထုတ်ပြန်မှာ ဖြစ်ပါတယ်။  မြစ်ကြီးနားမြို့နယ်မှာ ကချင်ပြည်နယ်ပြည်သူ့ပါတီနဲ့ ဒေသခံ တိုင်းရင်သားပါတီတွေ၊ ပြည်မကပါတီကြီးတွေဖြစ်တဲ့ အန်အယ်လ်ဒီနဲ့ ကြံ့ခိုင်ရေးပါတီတို့ အပါအဝင်  ပါတီပေါင်း ၁၀ ခုက လွှတ်တော်ကိုယ်စားလှယ်တွေက ဝင်ရောက်ယှဉ်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။  သတင်း - မီးမီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024