ကိုဗစ်-၁၉ လူနာ ၈ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း ၈၉ ဦး ရှိလာ
DVB
·
September 20, 2020
ကိုဗစ်-၁၉ အတည်ပြုလူနာ ၈ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၈၉ ဦး ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ညနေ ၅ နာရီခွဲ ထုတ်ပြန်ပါတယ်။
သေဆုံးသွားသူတွေကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ အသက် ၇၆ နှစ်အရွယ် အမျိုးသမီး လူနာအမှတ် ၅၁၄၈၊ ၅၉ နှစ်အရွယ်အမျိုးသား လူနာအမှတ် ၅၁၅၁၊ ၅၃ နှစ်အရွယ် အမျိုးသား လူနာအမှတ် ၅၁၂၂၊ ၇၈ နှစ်အရွယ် အမျိုးသမီး လူနာအမှတ် ၅၁၄၉ နဲ့ ၆၈ နှစ်အရွယ်အမျိုးသား လူနာအမှတ် ၅၁၅၀ တို့ ဖြစ်ပါတယ်။
ကျန် ၃ ဦးကတော့ နေပြည်တော်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုနေတဲ့ အသက် ၆၁ နှစ်အရွယ်အမျိုးသား လူနာအမှတ် ၅၂၆၃၊ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးမှာ ကုသမှုနေတဲ့ အသက် ၇၀ အရွယ်အမျိုးသား လူနာအမှတ် ၅၀၄၁ နဲ့ တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးမှာ ကုသနေတဲ့ ၅၅ နှစ်အရွယ်အမျိုးသမီး လူနာအမှတ် ၂၀၀၁ တို့ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့ အတည်ပြုလူနာသစ် ၆၄၂ ဦးထဲမှာလည်း ရန်ကုန်တိုင်းက ၅၃၅ ဦးနဲ့ အများဆုံး တွေ့ရှိပါတယ်။ မန္တလေးတိုင်းက ၉ ဦး၊ ရခိုင်ပြည်နယ်နဲ့ ၂၆ ဦး၊ မွန်ပြည်နယ်က ၃၂ ဦး၊ ပဲခူးတိုင်းက ၄ ဦး၊ နေပြည်တော်က ၂ ဦး၊ ဧရာဝတီတိုင်းက ၁၄ ဦး၊ စစ်ကိုင်းတိုင်းက ၃ ဦး၊ တနင်္သာရီတိုင်းက ၂ ဦး၊ မကွေးတိုင်းက ၉ ဦး၊ ကရင်ပြည်နယ်က ၃ ဦးနဲ့ ချင်းပြည်နယ်က ၁ ဦး ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅,၂၆၃ ဦးနဲ့ သေဆုံးသူ ၈၉ ဦး ရှိပြီလို့ သိရပါတယ်။