ကွမ်းခြံကုန်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦး ထပ်မံတွေ့ရှိ
DVB
·
September 20, 2020
ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦး ထပ်မံတွေ့ရှိတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
အဲဒီသုံးဦးက ကွမ်းခြံကုန်းမြို့၊ မြို့သစ်ရပ်ကွက်က အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦး၊ မြို့မရပ်ကွက်က အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ တောင်ဘက်ပိုင်းရပ်ကွက်က အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။
သူတို့သုံးဦးရဲ့ ဓာတ်ခွဲနမူနာတွေကို စက်တင်ဘာ ၁၆ ရက်နေ့က အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) ကို ပေးပို့စစ်ဆေးခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်နေ့ ၈ နာရီ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုခဲ့တာပါ။
သူတို့ထဲက အမျိုးသားနှစ်ယောက်က အနံ့မရတဲ့သလို ကျန်အမျိုးသမီးက ဖျားနာ ပြီး အနံ့မရတဲ့အတွက် စက်တင်ဘာ ၁၆ ရက်နေ့ကတည်းက ဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် ထားရှိထားတာလို့ မြို့နယ်ကျန်းမာရေးဌာနရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
လက်ရှိမှာ မြို့နယ်ကျန်းမာရေးဦးစီးဌာနက လိုအပ်တာတွေကို ဆောင်ရွက်နေပြီး သူတို့နဲ့ ထိစပ်ခဲ့တဲ့သူတွေကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။
လွင်မိုးအောင်