အရှေ့ပိုင်းခရိုင် ဒုခရိုင်ရဲတပ်ဖွဲ့မှူး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရ
ညီငယ်
·
September 19, 2020
ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်က အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ဒုခရိုင်တပ်ဖွဲ့မှူး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးက ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ ဒရိုင်ဘာဟာ ပိုးတွေ့ပြီးနောက် ခရိုင်ရဲတပ်ဖွဲ့မှူးကို ဓာတ်ခွဲနမူနာယူစစ်ဆေးထားချိန်၊ ဒုခရိုင်ရဲတပ်ဖွဲ့မှူးဟာ မနေ့ညက ပိုးတွေ့ရှိတာလို့ သူက ပြောပါတယ်။
လတ်တလောမှာတော့ ရောဂါပိုးတွေ့ရှိတဲ့ ဒုခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းက တိုက်ခန်းကို လော့ဒေါင်းလုပ်ထားပြီး အတူနေ မိသားစုကိုလည်း Quarantine ထားရှိတယ်လို့ သိရပါတယ်။