မိုးညှင်းမြို့ Quarantine စင်တာတွင် JPC အဖွဲ့ ဖျော်ဖြေ
DVB
·
September 17, 2020
ကချင်ပြည်နယ် မိုးညှင်းမြို့ ပုညရှင် Quarantine စင်တာမှာ စက်တင်ဘာ ၁၆ ရက်ညနေက မြစ်ကြီးနားလူထုစကားဝိုင်းပံ့ပိုးကူညီသူအဖွဲ့ JPC ကနေ တေးသီချင်းတွေ၊ အကတွေနဲ့ သွားရောက်ဖျော်ဖြေခဲ့ကြပါတယ်။
ပုညရှင်စင်တာမှာ ဒုတိယအကြိမ်ဖျော်ဖြေတာလို့ JPC အဖွဲ့ တာဝန်ရှိသူ မဂျာဆန် က ပြောပါတယ်။
မိုးညှင်းမြို့နယ် Quarantine စင်တာတွေမှာ နေရပ်ပြန် လူငယ်အများစုပါဝင်ပြီး ပုညရှင်စင်တာမှာ ၃၉ ဦးရှိတယ်လို့ သိရပါတယ်။
မြို့နယ်တွင်း ကျေးရွာတွေက Quarantine စင်တာတွေနဲ့ နေအိမ်စောင့်ကြည့် Quarantine ထားရှိသူ စုစုပေါင်း ၃၀၀ လောက်ရှိတယ်လို့ မြို့နယ် ကိုဗစ်ကော်မတီက သိရပါတယ်။
မုန်းမုန်းမင်း