ကိုဗစ်-၁၉ လူနာ ၂ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း ၁၈ ဦးရှိလာ
DVB
·
September 13, 2020
မနေ့ကနဲ့ ဒီနေ့မှာ ကိုဗစ်-၁၉ လူနာ ၂ ယောက်ထပ်ပြီး သေဆုံးတာကြောင့် စုစုပေါင်း သေဆုံးသူ ၁၈ ယောက်ဖြစ်လာပါတယ်။
ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ အသက် ၇၅ နှစ်အရွယ် အမျိုးသား (Case-2523) ဟာ မနေ့ည ၈ နာရီကျော်က သေဆုံးသွားတယ်လို့ ကျန်းမာရေးဌာနက ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ဒီနေ့ညနေ ၄ နာရီခွဲမှာ ထုတ်ပြန်လိုက်တာပါ။
သူဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးတာ၊ သွေးဆိပ်သင့်တာနဲ့ အသည်းရောင်အသားဝါရောဂါ(စီပိုး) ရှိသူ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သင်္ဃန်းကျွန်းဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ အသက် ၉၀ အရွယ် အမျိုးသမီး (Case-2260)ဟာလည်း အရိုးပွရောဂါ၊ သွေးတိုးရောဂါအခံရှိပြီး ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးပြီး ဒီနေ့မနက် ၁၁ နာရီလောက်က သေဆုံးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမနက်အထိ ဓာတ်ခွဲအတည်ပြုလူနာ ၂၇၉၆ ယောက်ရှိပြီး ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲက ၆၇၆ ယောက်ကို ဆေးရုံက ဆင်းခွင့်ပြုထားပါတယ်။