ကိုဗစ်-၁၉ လူနာသစ် ၂၃ ဦး ထပ်တွေ့၊ စုစုပေါင်း ၂,၄၄၅ ဦး ရှိလာ
DVB
·
September 12, 2020
ဓာတ်ခွဲနမူနာ ၁,၆၃၄ ခုအား ဒုတိယသုတ်အဖြစ် စစ်ဆေးရာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာစ် ၂၃ ဦး တွေ့ရှိခဲ့ပြီး စုစုပေါင်း လူနာ ၂,၄၄၅ ဦးရှိပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ၉၈၁ ခု၊ ဆေးသုတေသနဦးစီးဌာနက ၉၄ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၂၈၃ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၁၆၃ ခု၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင် ၁,၀၀၀ က ၁၂ ခု၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးက ၁၂ ခု၊ ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးက ၂၉ ခု၊ မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီးက ၂၂ ခု၊ မြောင်းမြမြို့ ပြည်သူ့ဆေးရုံကြီးက ၁၂ ခု၊ ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးက ၆ ခု၊ တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးက ၃ ခု၊ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးက ၃ ခု၊ ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးက ၅ ခု၊ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးက ၄ ခု၊ မြဝတီမြို့ ပြည်သူ့ဆေးရုံကြီးက ၃ ခုနဲ့ ဗန်းမော်မြို့ ပြည်သူ့ဆေးရုံကြီးက ၂ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁,၆၃၄ ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ပြီး အတည်ပြုလူနာသစ် ၂၃ ဦးတွေ့ရှိခဲ့တာပါ။
မနေ့ညက ဓာတ်ခွဲနမူနာ ၂,၄၇၅ ခုကို ပထမသုတ်အဖြစ် စစ်ဆေးရာမှာလည်း လူနာသစ် ၁၅၇ ဦး တွေ့ရှိခဲ့တာကြောင့် စက်တင်ဘာ ၁၁ ရက်နေ့မှာ အတည်ပြုလူနာသစ် စုစုပေါင်း ၁၈၀ တွေ့ရှိခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်း ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂,၄၄၅ ဦး၊ သေဆုံးသူ ၁၄ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုသူ ၆၂၅ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၁၈၆ ဦးရှိပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၈ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၉၁၀၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ သန်း ၂၀ ကျော်ရှိပြီလို့ သိရပါတယ်။