Homeသတင်းဓာတ်ပုံ
ရန်ကုန်ဝင်ထွက်ခွင့်ပိတ်လိုက်ဖြင့် တိုက်ကြီးစစ်ဆေးရေးဂိတ်တွင် ခရီးသည်ယာဉ်များ ပိတ်မိနေ (ဓာတ်ပုံ)
ရန်ကုန်ဝင်ထွက်ခွင့်ပိတ်လိုက်ဖြင့် တိုက်ကြီးစစ်ဆေးရေးဂိတ်တွင် ခရီးသည်ယာဉ်များ ပိတ်မိနေ (ဓာတ်ပုံ)
DVB
·
September 11, 2020
စက်တင်ဘာ ၁၁ ရက်နေ့ကစပြီး ရန်ကုန်တိုင်းကို ဝင်/ထွက်ခွင့်မပြုတော့တာကြောင့် တိုက်ကြီးမြို့နယ်၊ မီးနင်းချောင်းစစ်ဆေးရေးဂိတ်မှာ ခရီးသည်ယာဉ်တွေနဲ့ အိမ်စီးကား တချို့ ပိတ်မိနေပါတယ်။
စက်တင်ဘာ ၁၁ ရက်နေ့ကစပြီး အောက်တိုဘာ ၁ ရက်နေ့အထိ ပိတ်လိုက်တာလို့ ဥက္ကံမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်က ပြောပါတယ်။
"အခုက ရန်ကုန်တိုင်းထဲကသူတွေကိုလည်း အပြင်ထွက်ခွင့်မပေးသလို တခြားတိုင်းက လာတဲ့သူတွေကိုလည်း ဝင်ခွင့်မပေးတော့ဘူး။ ကုန်စည်စီးဆင်းမှုအတွက်ကတော့ ကုန်ကား၊ ဆီဘောက်စာကားနဲ့ မုန့်ပို့တဲ့ကားတွေကိုတော့ လွှတ်ပေးပါတယ်။ နောက်နေ့တွေ သွားခွင့် ပေးတော့ပါဘူး။ အခုလည်း ရန်ကုန်ကလာတဲ့ ခရီးသည်ကားတွေကို ပြန်လွှတ်နေပါတယ်။"
လက်ရှိအချိန်မှာတော့ ခရီးသည်ကားတွေနဲ့ အိမ်စီးကားတွေကတော့ မီးနင်းချောင်းစစ်ဆေးရေးဂိတ်ကို ရောက်လာနေဆဲဖြစ်ပါတယ်။
ဒါ့အပြင် ပဲခူးတိုင်းကလည်း ရန်ကုန်ဘက်ကလာတဲ့ သူတွေကို ကျန်းမာရေးထောက်ခံချက်ပါ လက်ခံနေပြီး ထောက်ခံချက်မပါတဲ့သူတွေကို အဝင်မခံဘူးလို့ သိရပါတယ်။
သတင်း - မေသွယ်