ရန်ကုန်တိုင်း ၂၉ မြို့နယ်ကို Semi Lockdown လုပ်မည်
အောင်သူ
·
September 11, 2020
ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ မြို့နယ် ၂၉ မြို့နယ်ကို Semi Lockdown လုပ်မယ်လို့ တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဒီဗွီဘီကို ပြောပါတယ်။
လမ်းမကြီးတွေကလွဲပြီး ရပ်ကွက်တွေအတွင်းက လမ်းသွယ်တွေအကုန်လုံးကို Lockdown လုပ်မယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ကိုဗစ်-၁၉ ရောဂါပိုးကို ထိန်းချုပ်နိုင်ဖို့အတွက် ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ အရေးကြီးတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုကို လက်ရှိ ထိန်းချုပ်သွားနိုင်ပြီဖြစ်သလို ရန်ကုန်ကိုလည်း မထိန်းချုပ်နိုင်စရာ မရှိဘူးလို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ ကျန်းမာရေးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်းကို လိုက်နာဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မနေ့ညက နိုင်ငံပိုင် ရုပ်သံကနေ မိန့်ခွန်းပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂,၂၆၅ ဦး၊ သေဆုံးသူ ၁၄ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၆၂၅ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၂၉ ဦး ရှိပါတယ်။