Home
မြန်မာသတင်း
မြင်းခြံမြို့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ လူနာအများစု ရောဂါလက္ခဏာမပြ
DVB
·
September 10, 2020
119119237_342981657051050_1644615361444514078_n
119058686_342981717051044_6949712312120846888_n
118934134_342981800384369_3240728811414513212_o
118857429_342981693717713_3347283672245814065_n
မြင်းခြံမြို့နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ လူနာအများစုဟာ ရောဂါလက္ခဏာ မပြသဘူးလို့ မြင်းခြံခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကူးစက်အဖွဲ့ ခေါင်းဆောင် ဆရာဝန်ဒေါ်သင်းသီရိအောင်က စက်တင်ဘာလ ၉ ရက်နေ့မှာ ဒီဗွီဘီကို ပြောပါတယ်။ လက်ရှိမှာတော့ မြင်းခြံမြို့မှာ ရောဂါပိုးကူးစက်ခံထားရသူ ၄၆ ဦး ရှိပါတယ်။ ရောဂါပိုး တွေ့ရှိသူ ၁၀ ဦးအထက်ရှိတဲ့ ရပ်ကွက်တွေကို lockdown ပြုလုပ်ထားပြီး ရောဂါပိုး တွေ့ရှိသူ နည်းတဲ့ ရပ်ကွက်တွေကိုတော့ ပိုးတွေ့လူနာလမ်းအလိုက် lockdown ပြုလုပ်ထားတယ်လို့ မြင်းခြံမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ်က ပြောပါတယ်။  မြင်းခြံမြို့နယ်အတွင်း စက်တင်ဘာလ ၈ ရက်နေ့မှာ ကိုဗစ်၁၉ကူးစက်ခံရသူဦး ၁၁ ဦး တွေ့ရှိခဲ့ပြီး ထိတွေ့သူ ၁၉ ဦးကိုလည်း Quarantine ထားထားပါတယ်။  ရောဂါပိုးတွေ့ရှိသူ ၄၀ ကျော်မှာ လောလောဆယ်တော့ ကျန်းမာရေးအခြေနေကောင်းမွန်ပါတယ်။ အများစုကတော့ ရောဂါလက္ခဏာပြပြီးမှ ရောက်လာတာ မဟုတ်ဘူးလို့ မြင်းခြံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကူးစက်အဖွဲ့ခေါင်းဆောင် ဆရာဝန်ဒေါ်သင်းသီရိအောင်က ပြောပါတယ်။ မြင်းခြံမြို့နယ်အတွင်းရှိ လမ်းမကြီးတွေနဲ့ ရပ်ကွက်လမ်းတွေကို ကိုဗစ်ကာကွယ်ဆေး ဖျန်းစက်တွေနဲ့ နေ့စဉ်ဖျန်းနေတယ်လို့  မြင်းခြံမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ကိုအောင်မျိုးလတ် က ပြောပါတယ်။ "Quarantine ထားတဲ့နေရာနဲ့ ဆေးရုံတွေကို စစ်ဆေးနေပါတယ်။ ၁၀၀ ရာခိုင်နှုန်း မလွတ်အောင် လုပ်ဆောင်နေပါတယ်။ အဲဒါဆိုရင်တော့ မပြန့်ပွားနိုင်ပါဘူး။ နောက်ပြီး Quarantine နေရာတွေမှာ လုံခြုံစွာထားနိုင်ဖို့နဲ့ ဆေးရုံတွေမှာ ထားတဲ့ ပိုးတွေ့လူနာတွေကို သေချာထားဖို့အတွက် အဓိကထား လုပ်နေပါတယ်။ Lockdown အနေနဲ့ကတော့ အသက်ရွယ်ကြီးသူတွေကို Hotel Quarantine စီစဉ်ပေးထားပြီး များသောအားဖြင့် နည်းပညာကောလိပ် (GTC)၊ မြင်းခြံ ဒီဂရီကောလိပ်တွေမှာ Facility Quarantine ထားထား တဲ့ ဦးရေကတော့ ၅၀၀ နီးပါးရှိနေပါတယ်။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024