ရခိုင်ပြည်နယ်က ကိုဗစ်-၁၉ လူနာ ၆၅ ဦး ဆေးရုံမှ ဆင်းခွင့်ရ
DVB
·
September 10, 2020
ရခိုင်ပြည်နယ် ၆ မြို့နယ်ရှိ ဆေးရုံတွေမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ လူနာ ၆၅ ဦး ကျန်းမာရေးကောင်းမွန်လာတာကြောင့် စက်တင်ဘာ ၉ ရက်နေ့က ဆေးရုံအသီးသီးကနေ ဆင်းခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
မြောက်ဦးမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်သန်းက "ဒီနေ့ မြောက်ဦးဆေးရုံက ၆ ဦးဆေးရုံက ဆင်းတယ်။ (ကျား) ၅ ဦးနဲ့ (မ) ၁ ဦးဖြစ်တယ်။ Case နံပါတ်တွေကတော့ ၅၇၀၊ ၅၇၁၊ ၅၇၂၊ ၅၇၃၊ ၅၇၅၊ ၅၇၆ တို့ဖြစ်တယ်။ ကျန်တာ ၁၈ ဦးကျန်ရှိနေသေးတယ်" လို့ ပြောပါတယ်။
ဘူးသီးတောင်မြို့က ၂ ဦး၊ ပေါက်တောမြို့က ၁၃ ဦး၊ မင်းပြားမြို့က ၅ ဦး၊ စစ်တွေမြို့က ၃၃ ဦး၊ မြောက်ဦးမြို့က ၆ ဦး၊ ကျောက်တော်မြို့က ၆ ဦး စုစုပေါင်း ၆၅ ဦး ဆေးရုံမှ ဆင်းခွင့်ရတာပါ။
ဆေရုံးမှ ဆင်းခွင့်ရသူတွေဟာ ရောဂါလက္ခဏာမပြဘဲ့ ဆေးရုံမှာ ၁၄ ရက်ဆေးကုသမှုခံယူပြီးတဲ့ လူနာတွေဖြစ်ပြီး ဒုတိယအကြိမ်စစ်ဆေးဖို့ မလိုတော့ဘဲ Home Quarantine ဆက်ထားသွားမယ်လို့ ဘူးသီးတောင်ဆေးရုံအုပ်ကြီးက ပြောပါတယ်။
စက်တင်ဘာ ၈ ရက်နေ့ကလည်း သံတွဲဆေးရုံက ၂ ဦး၊ ဘူးသီးတောင်က ၃ ဦး၊ ကျောက်ဖြူဆေးရုံက ၃ ဦး နဲ့ စစ်တွေဆေးရုံက ၆၄ ဦး စုစုပေါင်း ၇၂ ဦး ဆေးရုံမှဆင်းခဲ့ကြပြီး ဖြစ်တယ်လို့ သိရပါတယ်။
မောင်တောဆေးရုံ၊ ပုဏ္ဏားကျွန်းဆေးရုံ၊ ကျောက်ဖြူဆေးရုံတွေမှာ ကိုဗစ်-၁၉ ရောဂါလက္ခဏာမပြတဲ့ လူနာတွေလည်း ဆေးရုံက ဆင်းခွင့်ပြုမယ်လို့ သိရပါတယ်။
လင်းလက်