ရန်ကုန်-မန္တလေးအမြန်လမ်း ယာဉ်တိုက်မှု ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရ
DVB
·
September 5, 2020
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင် ၃၂၆ အနီးမှာ စက်တင်ဘာ ၄ ရက်မနက်က လိုက်ထရပ်ကားကို ဟွန်ဒါဖစ်ကားက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာကြောင့် ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့က သိရပါတယ်။
နွားထိုးကြီးမြို့နယ် မနှိုင်းသာရွာက အမျိုးသား ၃ ဦး အမျိုးသမီး ၁ ဦးစီးလာတဲ့ လိုက်ထရပ်ကားကို ဟွန်ဒါဖစ်က နောက်က အရှိန်နဲ့ဝင်တိုက်မိခဲ့တာပါ။
လိုက်ထရပ်ပေါ်ပါ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေကို မြင်းခြံဆေးရုံ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ပြင်စည် အမြန်လမ်းရဲစခန်းက ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဇာဇာမောင်(CJ)