စင်ကာပူတွင် အခက်အခဲကြုံနေသည့် မြန်မာနိုင်ငံသား ၁၅၀ ကျော်ကို ပြန်ခေါ်
DVB
·
September 5, 2020
စင်ကာပူနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၅၀ ကျော်ကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားတာကြောင့် စင်ကာပူနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား (၁၅၁) ဦးအား မြန်မာ အမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး မနေ့ည ၆ နာရီခွဲမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိခဲ့ပြီလို့ ဆိုပါတယ်။
ပြန်ရောက်လာသူတွေကို ကျန်းမာရေးစိစစ်ပြီး ၂၁ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေး ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
စင်ကာပူမှာ အခက်အခဲကြုံနေတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်နဲ့ စက်တင်ဘာ ၄ ရက်နေ့အထိ ၁၆ ကြိမ် ရှိပြီလို့ သိရပါတယ်။