စစ်တွေကပြန်လာသည့် မိုးကုတ်မြို့နေ မိသားစုဝင် ၅ ဦး ရောဂါပိုးမတွေ့
DVB
·
September 4, 2020
ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ ပြန်လာတဲ့ မိုးကုတ်မြို့နေ မိသားစုဝင် ၅ ဦးကို စက်တင်ဘာ ၃ ရက်နေ့က ဒုတိယအကြိမ် ဓာတ်ခွဲနမူနာစစ်ဆေးချက်အရ ရောဂါပိုးမတွေ့ရဘူးလို့ မိုးကုတ်မြို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကော်မတီ တာဝန်ရှိသူ ဒေါ်ခင်အုန်းမြင့်က ပြောပါတယ်။
စစ်တွေကပြန်လာတဲ့ မိသားစုဝင် ၅ ဦးဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး သီးသန့် ကွာရန်တင်း ဝင်နေကြသူတွေဖြစ်ပြီး ပထမအကြိမ် စစ်ဆေးတုန်းကလည်း ရောဂါပိုး မတွေ့ဘူးလို့ ဆိုပါတယ်။
သူတို့ကို မိုးကုတ်မြို့က စံတော်ဝင်ကွာရန်တင်းစင်တာမှာ ၂၁ ရက်ထားရှိပြီးနောက် home ကွာရန်တင်း ၇ ရက် ဆက်လက် ထားရှိမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
မိုးကုတ်မှာ ကွာရန်တင်းစင်တာ ၉ ခု နဲ့ ကွာရန်တင်းဝင်သူ ၂၅၈၃ ဦး ရှိခဲ့ပြီး အာခေါင် နှခေါင်းတို့ပတ် နမူနာ ၆၄၈ ခု ပေးပို့စစ်ဆေးခဲ့ရာ ဒီနေ့ထိ ပိုးတွေ့လူနာမရှိသေးဘူးလို့ လက်ထောက်ဆရာဝန် ဒေါက်တာထွန်းလင်းကျော်က ပြောပါတယ်။
သတင်း - ဘစိုင်း