Home
မြန်မာသတင်း
ပုံပါကျင်မြို့က ကိုဗစ်-၁၉ သံသယရှိ ရဲစခန်းမှူးကို Quarantine ထားရှိ
DVB
·
September 3, 2020
118545504_342431990470013_7845698139752095767_n
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့က ကိုဗစ်-၁၉ သံသယရှိတဲ့ နယ်မြေရဲစခန်းမှူး ၁ ဦးကို  ပုံပါကျင်တိုက်နယ် ပြည်သူ့ဆေးရုံမှာ စက်တင်ဘာ ၃ ရက်မနက်က Facillity Quarantine ထားရှိခဲ့ပါတယ်။ ယာဉ်တစ်စီးတည်းစီးနင်းလာတဲ့ ဒုရဲအုပ်တစ်ဦးနဲ့ ရဲတပ်သားတစ်ဦးတို့ကိုလည်း Home Quarantine ထားရှိပြီး ဓာတ်ခွဲနမူနာရယူကာ ကိုဗစ်-၁၉ ရှိမရှိ စစ်ဆေးနေဆဲဖြစ်ပါတယ်။ ပုံပါကျင်ကျန်းမာရေးမှူး ဦးမြင့်စိုးထွန်းက "သူက မန္တလေးချမ်းအေးသာစံ ရဲအရာရှိ သင်တန်းကျောင်းကနေ အတည်ပြုလူနာ ၅၈၇ နဲ့အတူ သင်တန်းတက်နေရာက Swab နမူနာ Negative ဖြစ်ပြီး ပြန်လွှတ်လိုက်တဲ့သူ ဖြစ်ပါတယ် ပုံပါကျင်ရောက်မှ ဝမ်းပျက်ဝမ်းလျှောဖြစ်နေလို့ သံသယလူနာသတ်မှတ်ပြီး FQ သွင်းခဲ့တာပါ''လို့  ပြောပါတယ်။ အဆိုပါသံသယလူနာမှာ သြဂုတ် ၂၂ရက်က မန္တလေးရဲအရာရှိသင်တန်းကျောင်းသို့ သင်တန်းတက်ရောက်ရန်ရောက်ရှိခဲ့ပြီး လူနာအမှတ် ၅၈၇ နဲ့အတူ သင်တန်းတက်ရောက်ခဲ့ကြပြီး ဓာတ်ခွဲမူနာစစ်ဆေးရာတွင် Negative ဖြစ်ခဲ့တာပါ။ သင်တန်းသားတွေကို နေရပ်ကိုပြန်လည်စေလွှတ်ရာမှာ မန္တလေးမှ တာချီလိတ်သို့  Air Thanlwin လေကြောင်းလိုင်းနဲ့ စက်တင်ဘာ ၁ ရက်နေ့မှာ ထွက်ခွာခဲ့ပြီး  တာချီလိတ်မှ မိုင်းဆတ်သို့ ပြေးဆွဲနေတဲ့ အန်စာတုံးကားနဲ့ မိုင်းဆတ်သို့ရောက်ရှိလာကာ ဇွဲမာန်တည်းခိုခန်းမှာ ညအိပ်ခဲ့ပါတယ်။ စက်တင်ဘာ ၂ ရက်နေ့မနက်မှာ ဒို့ညီနောင်ယာဉ်လိုင်းက ယာဉ်မောင်းနဲ့ ဂိတ်ဝန်ထမ်းတို့က စင်းလုံးငှားကားနဲ့ လာရောက်ကြိုဆိုတဲ့ ဒုရဲအုပ်တစ်ဦး၊ ရဲတပ်သားတစ်ဦးတို့နဲ့အတူ မိုင်းဆတ်မြို့မှ ပုံပါကျင်မြို့သို့ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ရဲစခန်းမှူးဟာ ဝမ်းပျက်ဝမ်းလျှောနေတဲ့အတွက် ဆေးရုံပြသကုသမှုခံယူဖို့ ရောက်ရှိလာခဲ့ရာက ကိုယ်အပူချိန်မြင့်တက်နေတာကြောင့် ဆေးရုံကွာရန်တင်းထားရှိပြီး အတူပါရှိလာသူ ဒုရဲအုပ်နဲ့ ရဲတပ်သားတို့ကိုလည်း နေအိမ်ပြင်ပ အသွားအလာ ကန့်သတ်ထားပါတယ်။ အဆိုပါ ရဲအရာရှိ စီးနင်းခဲ့တဲ့မော်တော်ယာဉ်နဲ့ သူနေထိုင်ခဲ့တဲ့ တည်းခိုရာနေရာတွေကိုလည်း ကန့်သတ်ထားရှိဖို့  အကြောင်းကြားထားတယ်လို့ သိရပါတယ်။ သတင်း- အောင်ဇေယျ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024