ကိုဗစ်လူနာအမှတ် ၉၂၉ ၏ မိသားစုဝင်များကို ကွာရန်တင်းစင်တာပို့ဆောင်
DVB
·
September 2, 2020
ကိုဗစ်-၁၉ ပိုးတွေ့လူနာအမှတ် ၉၂၉ နဲ့ ထိတွေ့ခဲ့တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် ကျီတော်လမ်း၊ အိမ်အမှတ် ၂၁ ၊ ၄ လွှာနေ မိသားစုဝင်သုံးဦးကို ဒီကနေ့ နေ့လည်ပိုင်းက ရွှေပြည်သာမြို့နယ်ရှိ ကွာရန်တင်းစင်တာသို့ ပို့ဆောင်လိုက်ပါတယ်။
အဆိုပါ အသက် ၆၀ အရွယ် ပိုးတွေ့လူနာအမျိုးသမီးဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နေထိုင်သူဖြစ်ပြီး သြဂုတ် ၁၈ ရက် က ရန်ကုန်မြို့ရှိ သမီးဖြစ်သူရဲ့ နေအိမ်သို့ အလည်အပတ်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
Photo - Ye Ko / MPA