Home
မြန်မာသတင်း
မုံရွာမြို့တွင် ကိုဗစ်စည်းကမ်း မလိုက်နာသည့် ဆိုင် ၄၅ ဆိုင်ကို ဒဏ်ရိုက်အရေးယူ
DVB
·
August 31, 2020
Fine Tea not obey COVID_19 2
Fine Tea not obey COVID_19 1
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဩဂုတ်လအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ မလိုက်နာတဲ့ ဆိုင် ၄၅ ဆိုင်ကို ဒဏ်ငွေရိုက်ပြီး အရေးယူထားပါတယ်။ မုံရွာမြို့မှာ ဖွင့်လှစ်ရောင်းချနေတဲ့ လက်ဖက်ရည်ဆိုင်တွေနဲ့စားသောက်ဆိုင်တွေကို ကိုဗစ်ထိန်းချုပ်ရေးကာလ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းချက်‌တွေနဲ့ ညီ၊ မညီ ဩဂုတ်လအတွင်း ရှောင်တခင် ဝင်ရောက်စစ်ဆေးရာမှာ ဆိုင်ပေါင်း ၄၅ ဆိုင်ကို စည်းကမ်းချက်နဲ့မညီတဲ့အတွက် အရေးယူတာလို့ မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီမှူး ဦးမင်းမင်းသန့်က ပြောပါတယ်။ “စီမံခန့်ခွဲရေးဥပဒေအရအရေးယူတာပါ။ စည်းကမ်းမလိုက်နာတဲ့ဆိုင်ကို ဒဏ်ငွေ ၅၀၀၀ ရိုက်ပါတယ်။ အရင်ကတော့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ရောင်းချဖို့ ခံဝန်ထိုးခိုင်းတယ်။ အခုနောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဒဏ်ငွေရိုက်တာပါ။” ဒဏ်ရိုက်အရေးယူခံရတဲ့ ဆိုင် ၄၅ ဆိုင်ထဲမှာ လက်ဖက်ရည်ဆိုင်တွေ အများဆုံးဖြစ်တယ်လို့ သိရပြီး ဒုတိယအကြိမ်စစ်ဆေးလို့ စည်းကမ်းမလိုက်နာတာ တွေ့ရှိရရင်တော့ ဆိုင် ၃ ရက် ပိတ်နားရမယ်လို့ သိရပါတယ်။ အခုလို ရှောင်တခင်စစ်ဆေးမှုတွေကို မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်တာပါ။ မုံရွာမြို့မှာ လက်ဖက်ရည်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ပြီးခဲ့တဲ့ဇွန်လကစပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ဆိုင်ထိုင် စားသောက်တာကို ရောင်းချခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။ သတင်း- ရန်နိုင်စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024