Homeမြန်မာသတင်း
ရဲအုပ် လူနာအမှတ် ၅၈၇ နှင့် ထိတွေ့ခဲ့သည့် မိသားစုဝင် ၁၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့
ရဲအုပ် လူနာအမှတ် ၅၈၇ နှင့် ထိတွေ့ခဲ့သည့် မိသားစုဝင် ၁၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့
DVB
·
August 30, 2020
ရဲအုပ်ဖြစ်သူ လူနာအမှတ် ၅၈၇ နဲ့ ထိတွေ့ခဲ့တဲ့ မင်းလှမြို့နယ် စစ်ကွင်းမြို့ရှိ မိသားစုဝင် ၁၃ ဦးရဲ့ ပထမကြိမ်ဓာတ်ခွဲနမူနာ စစ်ဆေးချက်မှာ ရောဂါပိုးမတွေ့ရဘူးလို့ မင်းလှမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာလှဝင်းက ပြောပါတယ်။
အဲဒီမိသားစု ၁၃ ဦးကို စစ်ကွင်းဆေးရုံမှာ Quarantine ဆက်လက်ဝင်ခိုင်းထားပြီး ၁၅ ရက်လောက်ကြာရင် ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးမှု ပြုလုပ်သွားမယ်လို့ သိရပါတယ်။
လူနာအမှတ် ၅၈၇ ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့ရှိ ဇနီးနဲ့ မိသားစုတွေဆီကို သြဂုတ် ၁၉ ရက်နေ့က ရောက်ရှိခဲ့တာပါ။
သြဂုတ် ၂၂ ရက်နေ့မှာတော့ စစ်ကွင်းမြို့ကနေ ရန်ကုန်ကို ရန်မျိုးအောင်ကားနဲ့ လိုက်ပါသွားခဲ့တာ ဖြစ်ပါတယ်။
သူနဲ့အတူ ကားတစီးတည်း စီးခဲ့တဲ့ ကားဒရိုင်ဘာအပါအဝင် လူ ၁၇ ဦးကိုလည်း Stay Home နေခိုင်းထားတယ်လို့ သိရပါတယ်။