Home
မြန်မာသတင်း
အပူချိန်တိုင်းကင်မရာ ဗန်းမော်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ စမ်းသပ်တီထွင်
DVB
·
August 28, 2020
Untitled-1
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ကွန်ပျုတာတက္ကသိုလ်ကနေ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အထောက်အကူပြု အပူချိန်တိုင်းကင်မရာကို ကျောင်းသားတွေက တီထွင်စမ်းသပ် အောင်မြင်ခဲ့ပါတယ်။ အဆိုပါ အပူချိန်တိုင်းတာတဲ့ ကင်မရာကုန်ကျစားရိတ်ဟာ ကျပ်ငွေ ၆၀၀၀၀ ဝန်းကျင်သာ ကုန်ကျပြီး Smart Phone ဒါမှမဟုတ် Smart TV နဲ့မှတ်တမ်းတင်နိုင်တဲ့အပြင် ကင်မရာရဲ့ LCD Display နဲ့လည်း တိုင်းတာမှုရလဒ်တွေကို ကြည့်ရှုနိုင်ကာ မှတ်တမ်းတင် စောင့်ကြည့်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီစနစ်မှာ ကင်မရာကို ကိုင်တွယ်ပြီး အပူချိန်တိုင်းစရာမလိုပဲ ကင်မရာရှေ့ရပ်ရုံနဲ့ အပူချိန်တိုင်းတာ မှတ်တမ်းတင်နိုင်သလို အင်တာနက်လိုင်း ရရှိပါက တခြားနေရာကနေ စောင့်ကြည့်စစ်ဆေးနိုင်တာကြောင့် လုပ်သားအင်အား ငွေကြေးအင်အား သက်သာစေတယ်လို့ တီထွင်ဖန်တီးထားတဲ့  ဗန်းမော်ကွန်ပျုတာတက္ကသိုလ်က  ကျောင်းသားတွေက ပြောပါတယ်။ ဒါ့အပြင် လျှပ်စစ်မီးမရရှိတဲ့ နေရာတွေမှာလည်း ဓာတ်ခဲနဲ့ အသုံးပြုနိုင်မှာဖြစ်သလို သတ်မှတ်အပူချိန် ကျော်လွန်ခဲ့ရင် သတိပေးမယ့်စနစ်ကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။ အဆိုပါ အပူချိန်တိုင်းတာတဲ့ ကင်မရာကို တစ်လအတွင်း ၁၀ လုံးလောက် ဆက်လက်တီထွင်သွားမှာဖြစ်ပြီး  တက္ကသိုလ်၊ စာသင်ကျောင်းနဲ့ မြို့အဝင်အထွက်ဂိတ်တွေမှာ အခမဲ့တပ်ဆင်ပေးသွားမယ်လို့  ကျောင်းသားတွေက ပြောပါတယ်။ သတင်း - မင်းခန့်ကိုကို 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024