ရန်ကင်းမြို့နယ် ရွှေအုန်းပင်အိမ်ရာ(၂) တိုက်အမှတ်၂၁ ကို Lockdown ချ (ဓာတ်ပုံ)
DVB
·
August 27, 2020
ကိုဗစ်-၁၉ လူနာအမှတ် ၄၇၇ နေထိုင်တဲ့ ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ရွှေအုန်းပင်အိမ်ရာ(၂)ရှိ တိုက်အမှတ်၂၁ ကို ဒီနေ့ ဩဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၂၃ ရက် အထိ အသွားအလာကန့်သတ်ထားရှိပြီ စောင့်ကြည့်သွားမယ်လို့သိရပါတယ်။
ရွှေအုန်းပင်အိမ်ရာ (၂)ရှိ တိုက်အမှတ်(၂၁) မှာ အခန်းပေါင်းများစွာပါဝင်ပြီး နေထိုင်သူဦးရေ ၄၀ လောက်ရှိနေတာဖြစ်ပါတယ်။
အဆိုပါလူနာအမှတ် ၄၇၇ ဟာ တောင်ကြီးမြို့မှ ရန်ကုန်ကို သြဂုတ်၂ ရက်မှာ ရောက်ရှိလာခဲ့ပြီး ဖျားနာ ချောင်းဆိုးဝေဒနာ ခံစားရလို့ သြဂုတ် ၂၂ မှာ ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ခဲ့ပြီး ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ ဓာတ်ခွဲနမူနာရယူ စစ်ဆေးရာမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာပါ။
Photo - Ye Myo Khant / MPA