Homeမြန်မာသတင်း
နယ်စပ်ကုန်သွယ်မှု သုံးပုံတစ်ပုံကျဆင်းနေဟု မူဆယ် ၁၀၅ မိုင် ကုန်သွယ်ဇုန် ညွန်ကြားရေးမှူးပြော
နယ်စပ်ကုန်သွယ်မှု သုံးပုံတစ်ပုံကျဆင်းနေဟု မူဆယ် ၁၀၅ မိုင် ကုန်သွယ်ဇုန် ညွန်ကြားရေးမှူးပြော
DVB
·
August 23, 2020
တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ်မှုလုပ်ငန်းစဉ်တွေအောက်မှာ မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှုပမာဏာဟာ သုံးပုံ တစ်ပုံကျဆင်းနေတယ်လို့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ဇုန်ရဲ့ ညွန်ကြားရေးမှူးက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ အတည်ပြုလူနာစတင်တွေ့ရှိခဲ့တဲ့ ဧပြီလဆန်းပိုင်းက စတင်ပြီး တရုတ်နိုင်ငံဘက်က ရောဂါ ကြိုတင်ကာကွယ်တဲ့အနေနဲ့ နှစ်နိုင်ငံလူဝင်လူထွက်ကို ပိတ်ပစ်လိုက်တာပါ။
ဒါ့အပြင် မြန်မာနိုင်ငံက တင်ပို့တဲ့ ကုန်စည်ကားတွေကိုလည်း မြန်မာယဉ်မောင်းတွေ တရုတ်နိုင်ငံဘက်ပေး မဝင်ဘဲ တရုတ်နိုင်ငံသားယာဉ်မောင်းတွေနဲ့ အစားထိုးမောင်းနှင်ရမယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း နယ်စပ်ကုန်သွယ်မှု ပမာဏဟာ သုံးပုံ တပုံကျဆင်းသွားတယ်လို့ မူဆယ်၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရဲ့ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ်မှုလုပ်ငန်းစဉ်တွေအောက်မှာ မြန်မာနိုင်ငံဘက်က အထွေထွေ ထိခိုက်နစ်နာမှုတွေ ရှိနေပြီး တရုတ်နိုင်ငံက တာဝန်ရှိသူတွေကို မြန်မာဘက်က အကြိမ်ကြိမ်ညှိနှိုင်းပေမဲ့ ညှိနှိုင်းလို့ မရဘူးဖြစ်နေတယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ကာလ မတိုင်ခင်က ကုန်သွယ်မှုပမာဏဟာ နေ့စဉ်ပျမ်းမျှ အမေရိကုန်ဒေါ်လာ ၁၅ သန်းဝန်းကျင်ရှိပါတယ်။
အခုလက်ရှိ ကုန်သွယ်မှုလျော့ကျသွားတဲ့ နောက်ဆက်တွဲအနေနဲ့ နိုင်ငံဘဏ္ဍငွေဖြစ်တဲ့ အခွန်ရရှိမှုဟာလည်း နေ့စဉ် လစဉ် သုံးပုံ တစ်ပုံ လျော့နည်းကျဆင်းနေပါတယ်။
ခွန်ဇော်ဦး