စစ်တွေမြို့က ဘဏ်ခွဲဝန်ထမ်းတဦး ကိုဗစ်-၁၉ ကူးစက်ခံရဟု ရိုးမဘဏ်အတည်ပြု
DVB
·
August 22, 2020
စစ်တွေမြို့က ရိုးမဘဏ်ခွဲဝန်ထမ်းတယောက်ဆီမှာ ကိုဗစ်-၁၉ တွေ့ရတယ်လို့ ရိုးမဘဏ်က အတည်ပြုထုတ်ပြန်လိုက်ပြီး အဲဒီဘဏ်ကို ယာယီပိတ်ထားလိုက်ပါတယ်။
လူနာအမှတ် ၄၁၁ ဟာ စစ်တွေမြို့၊ မြောက်ရူပါ ရပ်ကွက်က ရိုးမဘဏ်ခွဲဝန်ထမ်းတယောက်ဖြစ်ပြီး လက်ရှိမှာ ဆေးကုသခံနေတယ်လို့ ဒီနေ့ ထုတ်ပြန်တာပါ။
ရိုးမဘဏ် စစ်တွေဘဏ်ခွဲကို ပိုးသတ်သန့်စင်တာတွေ လုပ်ဖို့ ယာယီပိတ်ထားပြီး စစ်တွေဘဏ်ခွဲက ဝန်ထမ်း ၂၈ ယောက်ဟာလည်း အသွားအလာကန့်သတ်နေထိုင်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်တွေ စီဘီဘဏ်ခွဲဝန်ထမ်းတယောက်ဆီမှာ ကိုဗစ်-၁၉ တွေ့ခဲ့ရတာကြောင့် ဘဏ်ခွဲကို ၂ ရက်ပိတ်မယ်လို့ စီဘီဘဏ်က ကြေညာခဲ့ပါတယ်။