Home
မြန်မာသတင်း
အိမ်မဲမြို့တွင်၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံကို ထောက်ခံသည့်လှုပ်ရှားမှု ပြုလုပ်
DVB
·
August 20, 2020
118306930_920515255099485_7699697359200598439_n
118029458_920515291766148_3406384756341412137_n
117990848_920515345099476_1173042058210803063_n
117951978_920515075099503_644412863967303262_n
117766750_920515015099509_6128066850697123379_n
117657209_920515128432831_2989319417403909422_n
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်မှာ စတုတ္ထအကြိမ်မြောက် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံကို ဂုဏ်ပြုတဲ့အနေနဲ့  ငြိမ်းချမ်းရေးဗီနိုင်းပိုစတာတွေ စိုက်ထူတာနဲ့ ငြိမ်းချမ်းရေးအမှတ်တံဆိပ်ပါ နှာခေါင်းစည်း Mask တွေ အခမဲ့ပေးဝေတာ စတဲ့ ထောက်ခံ လှုပ်ရှားမှုတွေကို ဩဂုတ် ၁၉ ရက်နေ့က  ပြုလုပ်ခဲ့ပါတယ်။ ထောက်ခံလှုပ်ရှားမှုတွေကို အိမ်မဲမြို့အခြေစိုက် ငြိမ်းချမ်းပါစေ မြန်မာပြည်ကွန်ရက်နဲ့ ဧရာဝတီတိုင်းဒေသကြီး ငြိမ်းချမ်းရေးဖော်ဆောင်မှု အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်ကော်မတီတို့ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပြီး အိမ်မဲမြို့ခံတွေနဲ့ နိုင်ငံရေးပါတီတွေက ဝန်းရံထောက်ခံ ပါဝင်ခဲ့ကြတယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။  "၂၁ ရာစုပင်လုံဟာ နေပြည်တော် MICC II   မှာစတင်‌နေပြီး အမျိုးသားနိုင်ငံရေး လှုပ်ရှားမှု အနေနဲ့ ငြိမ်းချမ်းပါစေ မြန်မာပြည်ကွန်ရက်အဖွဲ့(အိမ်မဲ) က ထောက်ခံကြိုဆိုတဲ့ အနေနဲ့ ဒီလှုပ်ရှားမှုကို လုပ်ခဲ့တာပါ။ ကျင်းပနေတဲ့ ငြိမ်းချမ်းရေးညီလာခံကြီး အေးချမ်းအောင်မြင်စွာနဲ့ ပြည်ထောင်စုသဘောတူချက်  ၃ ရပ်ကို လက်မှတ်ရေးထိုးနိုင်ကြပါစေ" လို့ ဧရာဝတီတိုင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်ကော်မတီဝင် ဦးသူရစိုးက ပြောပါတယ်။ အိမ်မဲမြို့မှာပြုလုပ်တဲ့ စတုတ္ထအကြိမ်မြောက် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံကို ဂုဏ်ပြုတဲ့အနေနဲ့ ထောက်ခံလှုပ်ရှားမှုဟာ ဧရာဝတီတိုင်းမှာ ပထမဆုံး ဖြစ်ပြီး အခြားမြို့နယ်တွေမှာလည်း ဆက်လက်လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။ ထောက်ခံလှုပ်ရှားပွဲ ပြုလုပ်သူတွေဟာ "၂၁ ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံအား ကြိုဆိုထောက်ခံပါသည်" "အရပ်သားထိခိုက်နစ်နာမှု မရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများအား ထောက်ခံပါသည်"စတဲ့ ဗီနိုင်းပိုစတာများစိုက်ထူခြင်းနှင့် ငြိမ်းချမ်းရေးတံဆိပ်ပါ နှာခေါင်းစည်း Mask များကို လမ်းသွားလမ်းလာများအား ပေးဝေတာနဲ့ ငြိမ်းချမ်းရေးတံဆိပ်ပါ စတစ်ကာတွေ လိုက်လံကပ်ပေးတာတွေ ပြုလုပ်ခဲ့ကြတာပါ။ သတင်း - မင်းထက်မုန်း၊ ဓာတ်ပုံ-ဘိုဘို(ဧရာဝတီတိုင်းမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024