ချင်းတွင်းမြစ်ရေ ဝင်ရောက်လာသဖြင့် ခန္တီးမြို့မ မင်္ဂလာစျေး ပြောင်းရွှေ့
DVB
·
August 20, 2020
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ ချင်းတွင်းမြစ်ရေကြီးမှုကြောင့် သြဂုတ် ၁၉ ရက်နေ့မနက်ပိုင်းက ခန္တီးမြို့တွင်း မြစ်ရေဝင်ရောက်လာခဲ့တာကြောင့် ခန္တီးမြို့မ မင်္ဂလာစျေးပြောင်း ရွှေ့ဖွင့်လှစ်ခဲ့ရတယ်လို့ သိရပါတယ်။
ခန္တီးမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဘကြိုင်က “အခုကျနော်တို့ ခန္တီးမှာ ချင်းတွင်းမြစ်ရေဟာ သြဂုတ် ၁၉ ရက်နေ့မနက်ပိုင်း ခန္တီးမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်အချို့နဲ့ မင်္ဂလာဈေးကို ဝင်ရောက်လာခဲ့ပါတယ်။ ခန္တီးမြို့မ မင်္ဂလာဈေးထဲရှိတဲ့ ပစ္စည်းတွေ ဌာနပေါင်းစုံ ပူးပေါင်းပြောင်းရွှေ့ခဲ့ရပါတယ်” လို့ ပြောပါတယ်။
မြစ်ရေ မင်္ဂလာစျေးထဲဝင်ရောက်လာတဲ့အတွက် ဈေးဖွင့်လို့မရတော့တာကြောင့် ရေလွတ်တဲ့နေရာ ကမ်းနားလမ်းပေါ် ဘုန်းကြီးကျောင်းရှေ့မှာ ယာယီပြောင်းရွှေ့ ဖွင့်လှစ်ထားပြီး စျေးသည်နဲ့ စျေးဝယ်သူတွေ အဆင်ပြေအောင် ဆောင်ရွက်ပေးထားတယ်လို့ ဆိုပါတယ်။
ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၃၆၀ စင်တီမီတာကို ကျော်လွန်ရောက်ရှိလာခဲ့တာကြောင့် ကျေးရွာအချို့နဲ့ ခန္တီးမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေနစ်မြုပ်လာပြီး ခန္တီးမြို့ မြသိန်းတန်ကယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်နေကြတယ်လို့ သိရပါတယ်။
ခန္တီးမြို့ ချင်းတွင်းမြစ်ရေဟာ သြဂုတ် ၂၀ ရက်မနက် တိုင်းထွာချက်ရ ၁၃၉၀ စင်တီမီတာရှိပြီး တစ်နာရီကို ၁ လက်မနှုန်းကျဆင်းနေတယ်လို့ ခန္တီးမြို့ မိုးဇလက သိရပါတယ်။
ခန္တီးဆောင်း