Home
မြန်မာသတင်း
ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဖို့ မကြိုးစားရန် ဗိုလ်ချုပ်မှူးကြီးပြော 
DVB
·
August 19, 2020
117877427_305370220518957_8364445237166342637_n
GeneralMinAungHlaing21PinLone11072018
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့အခါမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်း Stakeholders တွေဟာ ရိုးသားကြဖို့လိုတဲ့အကြောင်းနဲ့ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဖို့ မကြိုးစားကြဖို့ တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ဩဂုတ် ၁၉ ရက် ဒီကနေ့မနက်က နေပြည်တော်မှာ စတင်ကျင်းပတဲ့ စတုတ္တအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ - ပင်လုံမှာ ပြောကြားလိုက်တာပါ။  “တချို့နိုင်ငံရေးပါတီများနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ဗကပရဲ့ ၁၉၅၅ ခုနှစ် လမ်းစဉ်အတိုင်းပဲ ဖဆပလ အစိုးရဆိုတဲ့ စကားရပ်နေရာမှာ တပ်မတော်ကို အစားထိုးပြီး လုပ်ကြံ ဖန်တီးထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ တပ်မတော်ရယ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ EAOs တွေနဲ့သာ သက်ဆိုင်ပြီး နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို တာဝန်ယူထားရတဲ့ အစိုးရနဲ့ မသက်ဆိုင်ဘူးဆိုတဲ့ အယူအဆ အစိုးရက ကြားနေသို့ မဟုတ် ဒိုင်သဖွယ် ဆောင်ရွက်ပေးမယ်ဆိုတဲ့ အယူအဆတွေ ပြောဆိုနေတာ ကျနော်တို့ ကြားသိရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ နိုင်ငံတော်ကို ဆန့်ကျင်တာဖြစ်ပါတယ်။ တက်လာတဲ့ အစိုးရတွေကို ဆန့်ကျင်တာဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ အစိုးရတိုင်းကို တပ်မတော်က အကာအကွယ်ပေးနေတယ်ဆိုတာ ဖြစ်စဉ်ဖြစ်ရပ်များကို ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာကြည့်ရ င်တွေ့နိုင် ပါတယ်။ ၁၉၅၀ ပြည့်နှစ်လောက်က အတွေးအခေါ် အယူအဆတွေနဲ့ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆက်လက်မောင်းနှင်နေလိုတဲ့ သဘောထားတွေဟာ မရိုးဖြော့င့်ဘူးလို့ပဲ ကျနော်တို့ ပြောလိုပါတယ်။ အဲဒီခေတ်က ခေတ်စားခဲ့တဲ့ စကားနဲ့ပဲ ပြန်ပြောရရင် ဆိတ်ခေါင်း ချိတ်ပြီး ခွေးသားရောင်းဖို့ မကြိုးစားပါနဲ့လို့ ကျနော်ဆိုချင်ပါတယ်။” ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တခြားလုပ်ငန်းစဉ်တွေကို တွဲဆက်ထားတာဟာ မူလအဓိကဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုရော တွဲဆက်ထားတဲ့ လုပ်ငန်းစဉ်တွေကိုပါ အောင်မြင်မှုနဲ့ အလှမ်းဝေးစေမယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလည်း အဖျက်အမှောက် ပယောဂ ကင်းတဲ့ ရွေးကောက်ပွဲဖြစ်အောင်၊ လွတ်လပ်ပြီး တရားမျှတကျင်းပနိုင်အောင် သက်ဆိုင်ရာနယ်ပယ်အလိုက် ကြိုးပမ်းဆောင်ရွက်သွားကြဖို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောသွားပါတယ်။  ဒီမနက်ကျင်းပတဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရတာဝန်ရှိသူတွေ၊ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ တက်ရောက်ပြီးလည်း မိန့်ခွန်း ပြောကြားခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024