Home
မြန်မာသတင်း
ဂျပန်နိုင်ငံက ယန်းငွေ ၂ ဘီလီယံတန်ဖိုးရှိ ဆေးဘက်ဆိုင်ရာပစ္စည်းများ မြန်မာကို ပေးအပ်
DVB
·
August 15, 2020
Japan Embassy Covid help
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ဖို့အတွက် ဂျပန်ယန်း ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၁ သန်းခန့်) တန်ဖိုးရှိတဲ့  ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာတွေကို ဂျပန်အစိုးရက ထောက်ပံ့ ပေးအပ်လိုက်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အပံ့စီမံကိန်းအတွက် ဝယ်ယူထားတဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာတွေ သယ်ဆောင်လာတဲ့ လေယာဉ် ရန်ကုန်လေဆိပ်ကို သြဂုတ်လ ၁၅ ရက်နေ့က  ပထမအကြိမ် ရောက်ရှိခဲ့တယ်လို့ ဂျပန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။  အခုတစ်ခေါက် လွှဲပြောင်းပေးအပ်တဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာတွေအထဲမှာ  ICU Beds၊ Syringe pump နဲ့  Suction pump ၁၀ စုံစီ ပါဝင်ပြီး ပစ္စည်းတွေလွှဲပြောင်း ပေးအပ်တဲ့ အခမ်းအနားကို  မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မာရူယာမအိချီရိုနဲ့ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းတို့ တက်ရောက်ခဲ့ ကြပါသည်။  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံအစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ပံ့ပိုးကူညီဖို့ ဂျပန်အစိုးရက အကူအညီ ပေးအပ်တာဖြစ်ပြီး ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာတွေကို မြန်မာနိုင်ငံတွင်းရှိ ဆေးရုံတွေနဲ့  ဓာတ်ခွဲခန်းတွေကို  လွှဲပြောင်း ပေးအပ်သွားမယ်လို့ သိရပါတယ်။ ဓာတ်ပုံ- ဂျပန်သံရုံး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024