Home
မြန်မာသတင်း
ကျောက်ဖြူခရိုင်၌ ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၉၇ ဦးရှိ
DVB
·
August 13, 2020
115979024_1663620353785545_8574003236019552242_o
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်မှာ ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၉၇ ဦးထိရှိတယ်လို့ ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သိရပါတယ်။ ပါတီ ၇ ခုကို ကိုယ်စားပြုတဲ့  ကိုယ်စားလှယ်လောင်း ၈၄ ဦးနဲ့  တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် တင်သွင်းသူ ၁၃ ဦး ပါဝင်တယ်လို့ဆိုပါတယ်။  ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဦးဌေးအောင်ခိုင် က “ပါတီတွေအကုန်လုံးကတော့ လွှတ်တော်တိုင်းမှာ မဝင်ပါဘူး။ အဓိကအားဖြင့် လွှတ်တော် ၃ ရပ်လုံးမှာဝင်တာကတော့ ကျနော်တို့ ရခိုင့်ဦးဆောင်ပါတီဝင်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီပေါ့၊ အဲဒါတွေကတော့ လွှတ်တော် ၃ ရပ်လုံးမှာ ဝင်ပြိုင်ပါတယ်။”လို့ပြောပါတယ်။ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီကတော့ ကျောက်ဖြူပြည်သူ့လွှတ်တော်မှာ   တစ် နေရာ၊ ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)မှာ  တစ်နေရာ၊ နှစ် နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာလို့လည်း ပြောပါတယ်။ အဆိုပါ အမည်စာရင်းတင်သွင်းထားသူတွေကို သြဂုတ် ၁၁ ရက်နေ့မှစတင်ပြီး လွှတ်တော်အလိုက် ကိုယ်စားလှယ်လောင်းရွေးချယ်စိစစ်ရေးအဖွဲ့မှ စိစစ်ဆောင်ရွက်နေပြီး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၆ ဦးထိ စိစစ်ပြီးပြီလို့ သိရပါတယ်။ လက်ရှိအချိန်ထိ ကိုယ်စားလှယ်လောင်းတင်သွင်းထားသူတွေနဲ့ ပတ်သက်ပြီး လာရောက်ကန့်ကွက်တာတွေ မရှိသေးဘူးလို့လည်း ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ပြောပါတယ်။ သတင်း - နောင်နောင် 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024