ဓာတ်ခွဲနမူနာ ၁၃၃၅ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ စောင့်ကြည့်လူနာသစ် ၂၄ ဦးရှိ
DVB
·
August 8, 2020
သြဂုတ် ၇ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၁၃၃၅ ခုအား နှစ်သုတ်ခွဲစစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ်မတွေ့ရှိဘဲ စောင့်ကြည့်လူနာသစ် ၂၄ ဦးရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၁,၀၂၇ ခု၊ ဆေးသုတေသနဦးစီးဌာနက ၁၁၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၁၆၆ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၃၁ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁,၃၃၅ ခုအား နှစ်သုတ်ခွဲ စစ်ဆေးခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်အတည်ပြုလူနာ ၃၅၉ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၀၉ ဦးထဲက ဆေးရုံကဆင်းခွင့်ပြုခဲ့ပြီးသူ ၂၉၆ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၄ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၉ သန်းကျော်၊ သေဆုံးသူ ၇၂၀၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၂ သန်းကျော်ရှိတယ်လို့ သိရပါတယ်။