ဩဂုတ် ၆ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး
DVB
·
August 6, 2020
ဩဂုတ် ၆ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၃၅၆.၅ ကျပ်၊ ၁ ယူရိုငွေကို ၁၆၀၇.၂ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၉၈၉.၆၀ ကျပ်၊ ဂျပန်ယန်း ၁၀၀ ကို ၁၂၈၃.၇ ကျပ်၊ တရုတ် ၁ ယွမ်ကို ၁၉၅.၂၈ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၂၃.၇၅ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၄၃.၆၁ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး ၁ ကျပ်သားကို ရောင်းဈေးကတော့ ၁၃၂၄၀၀၀ ကျပ်၊ ဝယ်ဈေးကတော့ ၁၃၂၂၀၀၀ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၂၀၅၀ ဒေါ်လာ ဈေးပေါက်ပါတယ်။
(ကိုးကား - ရွှေစင်အကယ်ဒမီ)