Home
မြန်မာသတင်း
ညောင်လေးပင်မြို့နယ်၌ မီးရထားလမ်းရေကျော်သဖြင့် ရန်ကုန်-မန္တ​လေးရထားခရီးစဉ် ယာယီပိတ်
DVB
·
August 5, 2020
116874429_2433860956906598_4598913411544125840_n
116710090_2433860930239934_7133669705305609962_n
116344677_2433860986906595_2342845752635332930_n
116157186_2433861016906592_5702620748506629276_n
113516326_2433861046906589_6241059993322961397_n
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့နဲ့ တော်ဝိကျေးရွာအကြားမှာ သြဂုတ် ၄ ရက်က ရထားလမ်းရေကျော်​ခဲ့တာကြောင့် ရန်ကုန်-မန္တ​လေး ရထားခရီးစဉ်တွေကို ယာယီပိတ်ထားရတယ်လို့ ​မြန်မာ့မီးရထားဌာန တာဝန်ရှိသူက ပြောပါတယ်။ ညောင်လေးပင်မြို့နယ်မှာ မိုးအဆက်မပြက်ရွာသွန်းပြီး ချောင်းရေလျှံတာကြောင့် ပိန်းဇလုပ်နဲ့ တော်ဝိကျေးရွာ​အကြား မိုင်တိုင်အမှတ် ၉၈/၄၅ မှာ ရထားလမ်းရေကျော်ပြီး တံတားနောက် တာဘောင်ပျက်ကျခဲ့တာလို့ ဆိုပါတယ်။ ရထားလမ်းရေကျော်နေတာကြောင့် ရန်ကုန်-မန္တလေး ရထားခရီးစဉ်တွေအားလုံးကို သြဂုတ် ၄ ရက်နေ့က စတင်ပိတ်ထားခဲ့တာဖြစ်​တယ်လို့ ပဲခူးတိုင်း​ဒေသ​ကြီး တိုင်းအင်ဂျင်နီရာမှူး ဦးအောင်အောင်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။ “ရန်ကုန်-မန္တ​လေး ရထားခရီးစဉ်အားလုံးကို ပိတ်ထားတာပါ။ ညောင်လေးပင်အနီးအနား ရောက်မှ ကားနဲ့ ကဲ့ထုတ်တာတို့ ဘာတို့ မရှိပါဘူး။ အကုန်ခရီးစဉ်အားလုံး ရပ်ထားတာပါ။ ကျနော်တို့လည်း အမြန်ဆုံး​ပြီးအောင် လုပ်​နေပါတယ်။” တာဘောင်ကျိုးကျခဲ့တဲ့နေရာမှာ အမြန်ဆုံးပြုပြင်နိုင်ဖို့ တာဘောင်ထည့်ကာ တံတားအစားထိုးဖို့ ဆောင်ရွက်နေကြပြီး   ဒီနေ့ညနေ ပြုပြင်ပြီးနိုင်မယ်လို့ ဆိုပါတယ်။ သြဂုတ်လ ၄ ရက်ညက ပိန်းဇလုပ်မြို့နဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းကို ဆက်သွယ်ထားတဲ့ ကားလမ်း ရေတိုက်စားလို့ ကျိုးပေါက်မှု ဖြစ်ခဲ့တာပါ။  ပိန်းဇလုပ်မြို့မှာ သြဂုတ် ၃ ရက်နေ့က မိုးအဆက်မပျက် ရွာသွန်းတာကြောင့် အိမ်ထောင်စု ၁၀၀ ကျော်က လူဦးရေ ၄၀၀ ကျော် ကယ်ဆယ်​ရေးစခန်း​တွေမှာ ယာယီ ခိုလှုံနေရ​ပါတယ်။ သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024