Home
မြန်မာသတင်း
စည်ပင်နှင့် ငါးလုပ်ငန်းက တောင်သူများအား မြေယာလျော်ကြေးငွေပေးအပ်
DVB
·
August 4, 2020
116153733_1003341923453868_4913712923993867733_n
ဖျာပုံမြို့နယ်၊ အမာမြို့မှာ စည်ပင်သာယာရေးအဖွဲ့နဲ့ ငါးလုပ်ငန်းဦးစီးဌာနတို့မှ ရုံးမြေနေရာ အတွက် သိမ်းဆည်းထားတဲ့ မြေယာလျော်ကြေးကို သိမ်းဆည်းခံတောင်သူတွေထံ သြဂုတ် ၄ ရက် မနက်ပိုင်းက ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမှာ ပေးအပ်ခဲ့ပါတယ်။ သိမ်းဆည်းခံ မြေယာလျော်ကြေးငွေပေးအပ်ရာမှာ ငါးလုပ်ငန်းဦးစီးဌာန၊ အမာမြို့ ရုံးမြေ ဧရိယာ ၁၉ ဧကအတွက် မြေပိုင်ရှင်ဒေါ်ညိမ်းအေးကို နစ်နာကြေးလျော်ကြေးငွေကျပ် ၄၀၅၀၀၀၀ နဲ့ စည်ပင်သာယာရေးအဖွဲ့ အမာမြို့ရုံး မြေဧရိယာပိုင်ရှင် ၃ ဦးဖြစ်တဲ့ မြေပိုင်ရှင် ဦးသာအောင် (၄၇ ဧက)အတွက် နစ်နာကြေးလျော်ကြေး ငွေ ကျပ် ၁၃၅၆၈၇၀၀ ပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင်  မြေပိုင်ရှင် ဦးမောင်ဇော် (၃၉ ဧက)အတွက် နစ်နာကြေးလျော်ကြေး ငွေကျပ် ၇၆၆၁၄၄၅၊ မြေပိုင်ရှင်ဦးစိုးနိုင် (၄၁ ဧက)အတွက် နစ်နာကြေးလျော်ကြေးငွေကျပ် ၇၆၆၁၄၄၅ ကို ကာယကံရှင်တွေထံသို့ သက်ဆိုင်ရာတာဝန်ရှိအသီးသီးက ပေးအပ်ခဲ့ကြပါတယ်။ သိမ်းဆည်းခံမြေရာလျော်ကြေး ပေးအပ်ရာသို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုး နဲ့ ဌာနဆိုင်ရာတွေ၊ သိမ်းဆည်းခံတောင်သူတွေ တက်ရောက်ခဲ့ကြပါတယ်။ သတင်း - ကျော်စိုးမိုး  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024