မြို့ ၅ မြို့တွင် အပူချိန် စံချိန်သစ်တင်ပြီး ၁ မြို့တွင် မိုးရေချိန်စံချိန်တင်
DVB
·
August 3, 2020
ဒီနေ့ မြို့ ၅ မြို့မှာ အပူချိန် စံချိန်သစ်တွေ တင်ခဲ့ပြီး နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာတော့ မိုးရေချိန် စံချိန်သစ်တင်လိုက်ပါတယ်။
တံတားဦး၊ သီပေါ၊ တောင်တွင်းကြီး၊ နေပြည်တော်လေဆိပ်(ဧလာ)နဲ့ နေပြည်တော် ဥတ္တရသီရိမြို့နယ်တို့မှာ အပူချိန်စံချိန်သစ်တွေ တင်လိုက်တာလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
တံတားဦးမှာ လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်က စံချိန်ကို ချိုးတာဖြစ်ပေမယ့် ဒသမ ၃ ဒီဂရီစင်တီဂရိတ်ပဲ ပိုလာတာဖြစ်လို့ ဒီနေ့ ၃၈ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ရှိပါတယ်။ သီပေါမှာတော့ ၂၀၁၂ ခုနှစ်က ၃၆ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ကနေ ဒီနေ့ ၃၈ ဒီဂရီစင်တီဂရိတ်၊ တောင်တွင်းကြီးမှာ ၂၀၁၀ ပြည့်နှစ်က ၃၅ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ကနေ ဒီနေ့ ၃၆ ဒသမ ၅ ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်လေဆိပ်(ဧလာ) စခန်းမှာ ၂၀၁၀ ပြည့်နှစ်က ၃၅ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ကနေ ဒီနေ့ ၃၅ ဒသမ ၆ ဒီဂရီစင်တီဂရိတ်၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ ၂၀၁၉ ခုနှစ်က ၃၃ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ကနေ ဒီနေ့ ၃၄ ဒီဂရီစင်တီဂရိတ်နဲ့ အသီးသီး စံချိန်သစ်တွေ တင်လိုက်တာပါ။
နေပြည်တော် ဥတ္တရသီရမြို့နယ်မှာပဲ ဒီနေ့ မိုးရေချိန် ၄ ဒသမ ၃၃ လက်မနဲ့ စံချိန်သစ်တင်ပြီး ၂၀၁၇ ခုနှစ်က စံချိန် ၃ ဒသမ ၃၅ လက်မကို ကျော်လွန်ခဲ့တာပါ။