မြို့ ၅ မြို့တွင် အပူချိန် စံချိန်သစ်တင်
DVB
·
July 25, 2020
မနေ့က မြို့ ၅ မြို့မှာ အပူချိန် စံချိန်သစ်တွေ တင်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
စစ်ကိုင်း၊ လပွတ္တာ၊ ဘော်လခဲ၊ ကိုကိုးကျွန်းနဲ့ မော်လမြိုင်မြို့တို့မှာ ဇူလိုင် ၂၄ ရက်က အပူချိန် စံချိန်သစ်တွေ တင်ခဲ့တာပါ။
စစ်ကိုင်းမြို့မှာတော့ စခန်းဖွင့်တဲ့နေ့ကနေ ၅၆ နှစ်အတွင်း အပူဆုံးဖြစ်ပြီး ဇူလိုင် ၁၇ ရက်က စံချိန်ကို ထပ်ချိုးတာဖြစ်ပါတယ်။ မနေ့က အပူချိန်ကတော့ ၃၈ ဒသမ ၈ ဒီဂရီစင်တီဂရိတ် ဖြစ်ပါတယ်။
လပွတ္တာမြို့မှာတော့ ၃၄ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နဲ့ စံချိန်သစ်တင်တာဖြစ်ပြီး ၂၀၁၆ ခုနှစ်က စံချိန်ဟောင်းထက် ဒသမ ၅ ဒီဂရီစင်တီဂရိတ် ပိုလာခဲ့တာပါ။
ကယားပြည်နယ်၊ ဘောလခဲမြို့မှာလည်း ဒသမ ၅ ဒီဂရီစင်တီဂရိတ် ပိုတာဖြစ်ပြီး ၂၀၁၀ ခုနှစ်တုန်းက ၄၀ ဒီဂရီစင်တီဂရိတ် စံချိန်ကို ချိုးလိုက်တာပါ။
ကိုကိုးကျွန်းမှာတော့ မနေ့က အပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်ရှိပြီး ၂၀၁၄ ခုနှစ်က စံချိန်ဟောင်း ၃၃ ဒသမ ၇ ဒီဂရီစင်တီဂရိတ်၊ မော်လမြိုင်မြို့မှာတော့ မနေ့က အပူချိန် ၃၄ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ရှိပြီး ၂၀၁၆ ခုနှစ်က စံချိန်ဟောင်း ၃၄ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ထက် ပိုပြီး ပူလာတာ ဖြစ်ပါတယ်။