Home
မြန်မာသတင်း
တိုက်ကြီးနှင့် ညောင်ရွှေမြို့တို့တွင် မြေငလျင်လှုပ်
DVB
·
July 31, 2020
000
တိုက်ကြီးမြို့နဲ့ ညောင်ရွှေမြို့တို့အနီးမှာ အင်းအားအနည်းငယ်ရှိ မြေငလျင် အသီးသီးလှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၁ နာရီ၊ ၃၆ မိနစ်၊ ၄၇ စက္ကန့် အချိန်က တိုက်ကြီးမြို့ရဲ့ တောင်-အရှေ့တောင်ဘက် ၁ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၇.၃၀ ဒီဂရီ၊ အရှေ့လောင် ဂျီတွဒ် ၉၅.၉၇ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ရှားသွားပါတယ်။ ဇူလိုင် ၃၀ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၂ နာရီ၊ ၃၇ မိနစ်၊ ၅၄ စက္ကန့်အချိန်ကလည်း ညောင်ရွှေမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် ၅ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀.၆၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၀၀ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃ . ၂ အအဆင့် အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024