သရက် ကူးတို့ဆိပ်ကမ်းတွင် သစ်ပင်ပြိုလဲသဖြင့် ပဲ့ထောင် ၆ စီး ပျက်စီး
DVB
·
July 31, 2020
မကွေးတိုင်း သရက်မြို့ ဧရာဝတီမြစ်အတွင်း သရက်-အောင်လံလိုင်းပြေးဆွဲနေတဲ့ ကူးတို့ဆိပ်ကမ်းမှာ ဇူလိုင် ၃၀ ရက်ညနေ ၄ နာရီအချိန်လောက်က ကုက္ကိုပင်ကြီး ပြိုကျခဲ့လို့ ပဲ့ထောင် ၆ စီး နစ်မြုပ်ပျက်စီးခဲ့ပါတယ်။
ဧရာဝတီမြစ်ရေ တိုက်စားကာ မိုးရွာတဲ့အချိန်မှာ ကမ်းအနီးသက်တမ်းကြာ ကုက္ကိုပင်လဲပြိုခဲ့တာဖြစ်ပြီး လူထိခိုက်တာမရှိဘဲ ပဲ့ထောင် ၆ စီး ကျပ်သိန်း ၂၀၀ ဖိုးလောက် ပျက်စီးခဲ့တာပါ။
သဘာဝဘေးဒဏ်ကြောင့် ထိုခိုက်နစ်နာဆုံးရှုံးခဲ့တဲ့ ပဲ့ထောင်ပိုင်ရှင်တွေကို ထောက်ပံ့နိုင်ရေးအတွက် တိုင်းအစိုးရထံတင်ပြကူညီသွားမယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်က ပြောပါတယ်။
လဲပြိုခဲ့တဲ့ သစ်ပင်ကြီးနဲ့ နစ်မြုပ်ပျက်စီးသွားတဲ့ ပဲ့ထောင်တွေကို သရက်ခရိုင်မီးသတ်ဦးစီးဌာနက ဖယ်ရှားရှင်းလင်းပေးခဲ့တယ်လို့ သိရပါတယ်။
ဘဦး