Home
မြန်မာသတင်း
ရှားပါးဇာတ်ပိုစတာရေးနည်းဖြင့် ရေးဆွဲထားသည့် ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီ
DVB
·
July 29, 2020
116378532_4099118303437112_4694977808734095259_n
116369629_4099118286770447_3493854654697673753_n
116369629_4099118286770447_3493854654697673753_n (1)
116340589_4099118533437089_3829414985551704226_n
116215400_4099119076770368_8643803061073598747_n
114899944_4099118966770379_7849791622725594373_n
109360425_4099118530103756_5121441698790239383_n
       တချိန်က ခေတ်စားခဲ့ပြီး ခုကာလမှာ တွေ့ရနည်းလာပြီဖြစ်တဲ့ ရှားပါးဇာတ်ပိုစတာ ရေးနည်းနဲ့ ရေးဆွဲထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပိုစတာ ပန်းချီကားဟာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ် ရေပန်းစားနေပါတယ်။        ဒီပိုစတာပုံတူပန်းချီကိုတော့ လင်္ကာဒီပအနုပညာအင်အားစုမှ ပန်းချီအနုပညာရှင်တွေက ဖန်တီးရေးဖွဲ့ခဲ့ကြတာ ဖြစ်ပါတယ်။        ဒီလိုရေးဖွဲ့ပုံကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ရေးဖွဲ့ရာမှာ ပါဝင်သူတယောက်ဖြစ်တဲ့ ပန်းချီအနုပညာရှင် အောင်ကျော်ထွန်းက ဖေ့စ်ဘွတ်ခ်ပေါ်မှတဆင့် လိုက်ဖ်လွှင့် ပြသခဲ့တာဖြစ်ကာ ဒီကနေ့မှာတော့ အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။        ကြီးမားတဲ့ ပိုစတာပန်းချီတွေကို တချိန်ကတော့ ရုပ်ရှင်ရုံတွေ၊ ဇာတ်ပွဲတွေရဲ့ ရှေ့ မှာ ခမ်းခမ်းနားနား ထားရှိအသုံးပြုခဲ့ကြပြီး ဒီကနေ့ခေတ်မှာတော့ တိုးတက်မြင့်မား လာတဲ့ နည်းပညာတွေကြောင့် အသုံးပြုမှုတွေ မတွေ့ရသလောက် နည်းပါးလာခဲ့ပြီ ဖြစ် ပါတယ်။        ဒီလိုဖန်တီးရေးဖွဲ့ရာမှာတော့ ကျော်ကြားတဲ့ ရုပ်ရှင်မင်းသားမင်းသမီး၊ ဇာတ်မင်း သားတွေရဲ့ ရုပ်လုံးကြွပုံတူတွေကို အဖွဲ့လိုက်အနေနဲ့ အလျားပေ ၁၀၀ အနံပေ ၂၀ လောက်ထိ ကြီးမားတဲ့ ပိုစတာတွေနဲ့အတူ ပန်းချီပညာရှင်တွေဟာ ရုပ်ရှင်၊ ဇာတ်သဘင် ရွှေခေတ်တခေတ်အနေနဲ့ ရှင်သန်ခဲ့ကြဖူးပါတယ်။        ခုတခါမှာတော့ ဒီရေးဖွဲ့ဟန်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပုံတူဖန်တီးမှုကို တကျော့ပြန် လေ့လာနိုင်မှာဖြစ်ကာ ဒီပုံကို ဘယ်သူမဆို လွတ်လပ်စွာယူသုံးခွင့်ရှိကြောင်းလည်း ပန်းချီဆရာ အောင်ကျော်ထွန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှတဆင့် ခုလိုရေးသား ဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။        “Poster ရေးတယ်ဆိုတာ အများနဲ့ အုပ်စုဖွဲ့ရေးရတာမျိုးပါ… လကာ်ဒီပ အနုပညာ အင်အားစုမှ ရေးဖြစ်တဲ့ အမေစုရဲ့ ပုံလေးအပြီးသတ်ပါပြီ… မည်သူမဆို လွတ်လပ်စွာ ယူသုံးခွင့်ပြုသည်… ပုံအကြည်လိုချင်ပါက Viber ကပို့ပေးသည် 09 798231802ကို Hi ပါ”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024