ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေး ရန်ပုံငွေပန်းချီပြပွဲ ညောင်ဦး၌ ပြုလုပ်မည်
DVB
·
October 3, 2020
ဒေါ်အောင်ဆန်းစုကြည် ပုံတွေနဲ့ ရေးဆွဲထားတဲ့ OUR LEADER အမည်ရှိ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး ရန်ပုံငွေ (ပန်းချီ အမ်ပီပီရဲမြင့်) ရဲ့ တကိုယ်တော် ပန်းချီပြပွဲကို မန္တလေးတိုင်း၊ ညောင်ဦးမြို့က MPP Art Gallery မှာ အောက်တိုဘာလ ၈ ရက်နေ့ စတင် ပြသတော့မှာ ဖြစ်ပါတယ်။
ဒီပြပွဲကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၈ ရက်ကနေ ၁၅ ရက်နေ့အထိ ၈ ရက်ကြာ ပြသသွားမှာပါ။
ပန်းချီကားပေါင်း ၁၃ ကို ပြသထားမှာဖြစ်ပြီး ကားတကားကို ကျပ် ၅ သိန်းကနေ ၁၀ သိန်းအထိ ရောင်းဈေးသတ်မှတ်ထားပါတယ်။
ရောင်းရငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လှူဒါန်းသွားမယ်လို့ ပန်းချီဆရာ အမ်ပီပီရဲမြင့်က ပြောပါတယ်။
ပြပွဲဟာ အောက်တိုဘာ ၁၅ မှာ ပြီးဆုံးမှာ ဖြစ်ပေမဲ့ ကုသိုလ်ဖြစ် လှူဒါန်းလိုတဲ့ စေတနာရှင်တွေအတွက် ပန်းချီကား ရောင်းဝယ်ရေးကို လကုန် အောက်တိုဘာလ ၃၀ ရက်နေ့ အထိ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။